Monday 16 June 2014

အင်္ဂလန်နှင့်ပွဲတွင် တိုက်စစ်မှူးဆွာရက်ဇ် ပါဝင်နိုင်ရန် မသေချာဟု ဥရုဂွေး အသင်း နည်းပြ တာဘာရက်ဇ် ၀န်ခံ

Photo: အင်္ဂလန်နှင့်ပွဲတွင် တိုက်စစ်မှူးဆွာရက်ဇ် ပါဝင်နိုင်ရန် မသေချာဟု ဥရုဂွေး အသင်း နည်းပြ တာဘာရက်ဇ် ၀န်ခံ
Monday, June 16, 2014

ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ်က အင်္ဂလန်အသင်းနှင့် ကစားမည့်ပွဲတွင် အသင်း၏ အဓိကတိုက်စစ်မှူး ဆွာရက်ဇ် ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မပြောနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့်လအတွင်းက လေ့ကျင့်ရေးကွင်းတွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် တစ်လကြာ အနားယူခဲ့ရပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း ရာနှုန်းပြည့်ကြံ့ခိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် စနေနေ့က ကော်စတာရီကာကို အံ့အားသင့်ဖွယ်ရာ(၃-၁)ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဆွာရက်ဇ်မှာ အရန်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ဒုတိယပိုင်း၌ ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သော်လည်း တာဘာရက်ဇ်ကမူ ၎င်းကို ထည့်သွင်းကစားခဲ့ခြင်း မရှိပေ။ ဆွာရက်ဇ်သည် ယင်းပွဲတွင် အသင်းလူစာရင်း၌ ၎င်းကိုထည့်သွင်းရန် နည်းပြတာဘာရက်ဇ်အား တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ကြံ့ခိုင်မှု အနေအထားအရ တာဘာရက်ဇ်မှာ ဆွာရက်ဇ်ကို ထည့်သွင်းကစားစေခဲ့ခြင်း မရှိကြောင်း သိရသည်။

တာဘာရက်ဇ်က “ဆွာရက်ဇ်မှာ ဒဏ်ရာမရှိတော့ပါဘူး။ တကယ်လို့သာ သူ့မှာဒဏ်ရာရှိခဲ့ရင် အရန်စာရင်းထဲမှာတောင် ထည့်မှာမဟုတ်ပါဘူး။ ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြံ့ခိုင်မှု အနေအထားက သံသယရှိစရာပါပဲ။ ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိမှ ဖြစ်မှာပါ။ အင်္ဂလန်နဲ့ပွဲမှာ သူပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိကတော့ စောင့်ကြည့်ရမှာပါ” ဟု ပြောကြားခဲ့သည်။

Eleven Media Group 

ကော်စတာရီကာနှင့်ပွဲတွင် အရန်ခုံတန်း၌ တွေ့ရသည့် ဥရုဂွေးအသင်း တိုက်စစ်မှူး ဆွာရက်ဇ် (Photo:AFP)
ကော်စတာရီကာနှင့်ပွဲတွင် အရန်ခုံတန်း၌ တွေ့ရသည့် ဥရုဂွေးအသင်း တိုက်စစ်မှူး ဆွာရက်ဇ် 
ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ်က အင်္ဂလန်အသင်းနှင့် ကစားမည့်ပွဲတွင် အသင်း၏ အဓိက တိုက်စစ်မှူး ဆွာရက်ဇ် ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မပြောနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့်လအတွင်းက လေ့ကျင့်ရေးကွင်းတွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရ သဖြင့် တစ်လကြာ အနားယူခဲ့ရပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း ရာနှုန်းပြည့်ကြံ့ခိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် စနေနေ့က ကော်စတာရီကာကို အံ့အားသင့်ဖွယ်ရာ(၃-၁)ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဆွာရက်ဇ်မှာ အရန်ကစားသမားစာရင်းတွင် ပါဝင် ခဲ့ပြီး ဒုတိယပိုင်း၌ ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သော်လည်း တာဘာရက်ဇ်ကမူ ၎င်းကို ထည့်သွင်းကစားခဲ့ခြင်း မရှိပေ။ ဆွာရက်ဇ်သည် ယင်းပွဲတွင် အသင်းလူစာရင်း၌ ၎င်းကိုထည့်သွင်းရန် နည်းပြတာဘာရက်ဇ်အား တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ကြံ့ခိုင်မှု အနေအထားအရ တာဘာရက်ဇ်မှာ ဆွာရက်ဇ်ကို ထည့်သွင်းကစားစေခဲ့ခြင်း မရှိကြောင်း သိရသည်။

တာဘာရက်ဇ်က “ဆွာရက်ဇ်မှာ ဒဏ်ရာမရှိတော့ပါဘူး။ တကယ်လို့သာ သူ့မှာဒဏ်ရာရှိခဲ့ရင် အရန်စာရင်း ထဲမှာတောင် ထည့်မှာမဟုတ်ပါဘူး။ ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြံ့ခိုင်မှု အနေ အထားက သံသယရှိစရာပါပဲ။ ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိမှ ဖြစ်မှာပါ။ အင်္ဂလန်နဲ့ပွဲ မှာ သူပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိကတော့ စောင့်ကြည့်ရမှာပါ” ဟု ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment