Monday 16 June 2014

ယခုနှစ် မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထက် တိုးတက်လာနိုင်ပြီး တရုတ်နှင့်ဂျပန် ပိုမိုများပြားနိုင်

Photo: ယခုနှစ် မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထက် တိုးတက်လာနိုင်ပြီး တရုတ်နှင့်ဂျပန် ပိုမိုများပြားနိုင်
Monday, June 16, 2014

ယခုနှစ် မိုးရာသီကာလတွင် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ယခင်နှစ်မိုးရာသီတွင် ၀င်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာနိုင်ကြောင်း ခရီးသွားနယ်ပယ်များမှ သုံးသပ်ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွားများတွင် အနောက်ဥရောပ နိုင်ငံသားများထက် အာရှနိုင်ငံများမှ လာရောက်လည်ပတ်မှု ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံသို့ နှစ်စဉ်အများအပြား လာရောက်လည်ပတ်လေ့ရှိသည့် ထိုင်းလူမျိုး ခရီးသွားများ နည်းပါးသွားနိုင်ပြီး တရုတ်နှင့် ဂျပန်လူမျိုးများ ပိုမိုလာရောက်နေကြောင်း ခရီးသွား အသိုင်းအ၀ိုင်းမှ သိရသည်။

“မန္တလေးနဲ့ကူမင် တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိနေပြီဆိုတော့ စရိတ်ပိုသက်သာတော့ တရုတ်တွေလာတာ များနေတယ်။ နောက်ပြီး ဂျပန်တွေကလည်း အခု စီးပွားရေးအနေနဲ့ လာနေကြပေမယ့် မန္တလေး၊ ပုဂံဘက်ကိုပါ လည်ပတ်ကြတဲ့သဘော ဖြစ်နေတယ်” ဟု ဧည့်လမ်းညွှန်ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။
    
ယင်းအပြင် မြန်မာနိုင်ငံသို့ မိုးရာသီတွင် လာရောက်လည်ပတ်လေ့ ရှိကြသည့် အီတလီနှင့် စပိန်လူမျိုးများလည်း ၀င်ရောက်ရန်ရှိသောကြောင့် ခရီးသွားဝင်ရောက်မှုမှာ ယမန်နှစ်ကထက် ပိုမိုဖွယ်ရာသာရှိကြောင်း သိရသည်။

“မိုးတွင်းမှာ စပိန်တွေ လာတာထက်ကို အခု ဂျပန်တွေလာဖို့ ရှိတယ်။ မန္တလေးမှာကလည်း မဲခေါင်ခရီးသွားပွဲ ရှိတယ်။ နေပြည်တော်မှာကလည်း အာဆီယံပွဲတွေ ရှိတယ်ဆိုတော့ ခရီးသွားကလည်း ကျမှာမဟုတ်သလို ဟိုတယ်ဈေးတွေကလည်း မကျလောက်သေးဘူး။ ရန်ကုန်မှာကတော့ ဈေးကမဆိုးပါဘူး။ အက်ဖ်အိုင်တီတွေ လာဖို့ထက် အခုက ဗီဇာတွေကို ပြောင်းလိုက်တော့ သူတို့အတွက် ခက်သွားသလိုပါပဲ” ဟု ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

ယခင်နှစ်များစွာက မြန်မာနိုင်ငံသို့ မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ မရှိသလောက် နည်းပါးခဲ့သော်လည်း ယခင်နှစ်က စတင်ကာ ခရီးသွားအများအပြား ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း လျော့ကျဖွယ် အလားလာမရှိကြောင်း သိရသည်။

Eleven Media Group 

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ယခုနှစ် မိုးရာသီကာလတွင် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ယခင်နှစ်မိုးရာသီတွင် ၀င်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာနိုင်ကြောင်း ခရီးသွားနယ်ပယ်များမှ သုံးသပ်ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွားများတွင် အနောက်ဥရောပ နိုင်ငံသားများထက် အာရှနိုင်ငံများမှ လာရောက် လည်ပတ်မှု ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံသို့ နှစ်စဉ်အများအပြား လာရောက်လည်ပတ်လေ့ရှိသည့် ထိုင်း လူမျိုး ခရီးသွားများ နည်းပါးသွားနိုင်ပြီး တရုတ်နှင့် ဂျပန်လူမျိုးများ ပိုမိုလာရောက်နေကြောင်း ခရီးသွား အသိုင်းအ၀ိုင်းမှ သိရသည်။

“မန္တလေးနဲ့ကူမင် တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိနေပြီဆိုတော့ စရိတ်ပိုသက်သာတော့ တရုတ်တွေလာ တာ များနေတယ်။ နောက်ပြီး ဂျပန်တွေကလည်း အခု စီးပွားရေးအနေနဲ့ လာနေကြပေမယ့် မန္တလေး၊ ပုဂံဘက်ကိုပါ လည်ပတ်ကြတဲ့သဘော ဖြစ်နေတယ်” ဟု ဧည့်လမ်းညွှန်ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြား သည်။
    
ယင်းအပြင် မြန်မာနိုင်ငံသို့ မိုးရာသီတွင် လာရောက်လည်ပတ်လေ့ ရှိကြသည့် အီတလီနှင့် စပိန်လူမျိုးများ လည်း ၀င်ရောက်ရန်ရှိသောကြောင့် ခရီးသွားဝင်ရောက်မှုမှာ ယမန်နှစ်ကထက် ပိုမိုဖွယ်ရာသာရှိကြောင်း သိရသည်။

“မိုးတွင်းမှာ စပိန်တွေ လာတာထက်ကို အခု ဂျပန်တွေလာဖို့ ရှိတယ်။ မန္တလေးမှာကလည်း မဲခေါင်ခရီးသွားပွဲ ရှိတယ်။ နေပြည်တော်မှာကလည်း အာဆီယံပွဲတွေ ရှိတယ်ဆိုတော့ ခရီးသွားကလည်း ကျမှာမဟုတ်သလို ဟိုတယ်ဈေးတွေကလည်း မကျလောက်သေးဘူး။ ရန်ကုန်မှာကတော့ ဈေးကမဆိုးပါဘူး။ အက်ဖ်အိုင်တီတွေ လာဖို့ထက် အခုက ဗီဇာတွေကို ပြောင်းလိုက်တော့ သူတို့အတွက် ခက်သွားသလိုပါပဲ” ဟု ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

ယခင်နှစ်များစွာက မြန်မာနိုင်ငံသို့ မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ မရှိသလောက် နည်းပါးခဲ့ သော်လည်း ယခင်နှစ်က စတင်ကာ ခရီးသွားအများအပြား ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း လျော့ကျဖွယ် အလားလာမရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment