Tuesday 13 May 2014

သရက်သီးပို့ကုန် တောင်ကိုရီးယား၊ ဂျပန်နှင့် မကာအိုသို့ ဈေးကွက် ချဲ့ထွင်ထိုးဖောက်မည်


တရုတ်နှင့် စင်ကာပူနိုင်ငံများသို့ မြန်မာ့သရက်၊ သခွားမွှေးနှင့် ဖရဲသီးများ တင်ပို့လျက်ရှိရာ ယခုအခါ တွင် တောင်ကိုရီးယား၊ ဂျပန်နှင့် မကာအိုနိုင်ငံများမှ မြန်မာ့သရက်များတင်သွင်းရန် ကမ်းလှမ်း လာေ သာကြော င့် အသင်းချုပ်အနေဖြင့် အဆိုပါနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရန် ဆွေးနွေးလျက် ရှိကြောင်း မြန် မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က မဇ္ဈိမကို ပြောသည်။


“ အခုလက်ရှိကတော့ တရုတ်နဲ့ စင်ကာပူနိုင်ငံကို သရက်သီးအဓိက တင်ပို့နေတယ်။ တခြားအသီးအနေနဲ့ စင်ကာပူကို သခွားမွှေးတင်ပို့တယ်၊ တရုတ်ကိုဖရဲသီး ပို့တာကျတော့ မူဆယ်နယ်စပ်ကို အရင်ပို့တယ်၊ နယ်စပ်ကနေ တရုတ်ဝယ်လက်တွေက ပြန်လာဝယ်ပြီး ပြည်မကြီးမှာပြန်ရောင်းတယ်။ ဖရဲရာသီချိန်ဆိုရင် တစ်နေ့ကို ၁၂ ဘီးကား အစီးရေ ၄၀၀ ပို့တယ်” ဟု ဦးအောင်အောင်က မဇ္ဈိမကို ပြောသည်။

သရက်သည် အလားအလာကောင်းများရှိသည့် မြန်မာ့ထွက်ကုန်သီးနှံတစ်မျိုး ဖြစ်သော်လည်း နိုင်ငံ တကာ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် မသိသေးကြောင်း မြန်မာ့သရက်အား နိုင်ငံတကာဈေးကွက်သို့ ထိုး ဖောက်ရန်လိုအပ်ကြောင်း သရက်ပွဲရုံပိုင်ရှင်များက ဆိုသည်။

“ ဈေးကွက်တိုးချဲ့တယ်ဆိုတာ ၀ယ်လိုအားပေါ်မှာပဲမူတည်တယ်၊ သူတို့ဝယ်လိုအားက ဘယ်လောက်ရှိလဲ၊ ဘယ်လောက် ဈေးကောင်းပေးနိုင်လဲဆိုတာ ကြည့်ရတယ်၊ ၀ယ်လိုအားလည်းများမယ် ၊ဈေးကောင်း လည်း ပေးနိုင်မယ်ဆိုရင် ဘယ်နိုင်ငံဖြစ်ဖြစ် တင်ပို့နိုင်တယ်၊ အဓိက ကတော့ လက်ရှိပေါက်ဈေးထက် ပိုပေးနိုင်ရင် ကျွန်တော်တို့လည်း စိုက်ခင်းတိုးချဲ့နိုင်တယ်” ဟု မန္တလေးမြို့မှ သရက်ခြံပိုင်ရှင် ဦးကျော်စိုးနိုင် က မဇ္ဈိမ ကိုပြောသည်။

မြန်မာနိုင်ငံတွင် ဒေသအလိုက်အမယ် မျိုးစုံစိုက်ပျိုးထုတ်လုပ် ထွက်ရှိနေသည့် သရက်မျိုးပေါင်း ၂၀၀ ကျော် ရှိကာ လက်ရှိဈေးကွက်တွင် စိန်တလုံးသရက်မှာ လူကြိုက်များလျက်ရှိပြီး နိုင်ငံခြားတိုင်းပြည်များနှင့် တရုတ် နိုင်ငံသို့ အဓိကတင်ပို့သော သရက်မျိုးလည်းဖြစ်သည်။ မြန်မာ့ သရက်မျိုးများ၊ နိုင်ငံခြားသရက်မျိုး များနှ င့် မျိုး သုဉ်းပျောက်ကွယ်နိုင်သည့် သရက်မျိုးများ ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သရက်လေလံ ပွဲကို ရန်ကုန်မြို့ရှိ ရွေပုစွန် မုန့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ လေလံပွဲ သည် မြန် မာနိုင်ငံတွင် ပထမဦး ဆုံးလေလံပွဲဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment