Tuesday 13 May 2014

စွမ်းဆောင်ရည်မြင့် Chromebook များကို Google နှင့် Intel မိတ်ဆက်

Photo: စွမ်းဆောင်ရည်မြင့် Chromebook များကို Google နှင့် Intel မိတ်ဆက်
Tueday, May 13, 2014

ပြီးခဲ့သည့် ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Google နှင့် Intel သည် Acer, Asus, Dell, Lenovo နှင့် Toshiba တို့၏ Chromebook အသစ်များ မိတ်ဆက်ခဲ့ကြောင်း သိရသည်။
 
ထို့အပြင် Google က Chromebook များတွင် မကြာမီ Google Now နည်းပညာ ပါဝင်လာတော့မည်ဖြစ်ပြီး offline အဖြစ် Google Play ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များကို ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Chromebook များသည် Google ၏ Chrome OS အသုံးပြုထားသည့် laptop များဖြစ်ပြီး ၎င်းတို့သည် Netbook များဖြင့် တူညီမှုရှိကာ သာမန် laptop ထက် စွမ်းဆောင်ရည် အနည်းငယ်မြင့်မားသည်။  မျိုးဆက်သစ် Chromebook များတွင် ပါဝင်သည့် Intel ချစ်ပ်သည် ယခင်ထွက်ရှိပြီးသား model များထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာကြောင်း သိရသည်။
 
Chromebook ဒီဇိုင်းသစ်များတွင် Intel ၏ "Bay Trail" ကို အခြေခံထားသည့် Intel Celeron ပရိုဆက်ဆာများ ပါဝင်သောကြောင့် ဘက်ထရီကို ၁၁ နာရီအထက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Intel သည် နောက်ဆုံးပေါ် Intel စတုတ္ထမျိုးဆက် Intel Core i3 ပရိုဆက်ဆာ အသုံးပြုထားသည့် စွမ်းဆောင်ရည်မြင့် Chromebook နှစ်ခုကိုလည်း မိတ်ဆက်ခဲ့သေးသည်။ အဆိုပါ Dell Chromebook ၁၁ နှင့် Acer C720 Chromebook တို့ကို ပရိုဆက်ဆာ အဆင့်မြှင့်ထားကြောင်း သိရသည်။
 
စိုးထက်
Ref: Mashable
7Day DAILY
ပြီးခဲ့သည့်ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Google နှင့် Intel သည် Acer, Asus, Dell, Lenovo နှင့် Toshiba တို့၏ Chromebook အသစ်များ မိတ်ဆက် ခဲ့ကြောင်း သိရသည်။
ထို့အပြင် Google က Chromebook များတွင် မကြာမီ Google Now နည်းပညာ ပါဝင်လာတော့ မည်ဖြစ်ပြီး offline အဖြစ် Google Play ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များကို ကြည့်ရှုနိုင်တော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Chromebook များသည် Google ၏ Chrome OS အသုံးပြုထားသည့် laptop များဖြစ်ပြီး ၎င်းတို့သည် Netbook များဖြင့် တူညီမှုရှိကာ သာမန် laptop ထက် စွမ်းဆောင်ရည် အနည်းငယ်မြင့်မားသည်။  မျိုးဆက်သစ် Chromebook များတွင် ပါဝင်သည့် Intel ချစ်ပ်သည် ယခင် ထွက်ရှိပြီးသား model များထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာကြောင်း သိရသည်။

Chromebook ဒီဇိုင်းသစ်များတွင် Intel ၏ "Bay Trail" ကို အခြေခံထားသည့် Intel Celeron ပရိုဆက် ဆာများ ပါဝင်သောကြောင့် ဘက်ထရီကို ၁၁ နာရီအထက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Intel သည် နောက်ဆုံးပေါ် Intel စတုတ္ထမျိုးဆက် Intel Core i3 ပရိုဆက်ဆာ အသုံးပြုထားသည့် စွမ်းဆောင် ရည်မြင့် Chromebook နှစ်ခုကိုလည်း မိတ်ဆက်ခဲ့သေးသည်။ အဆိုပါ Dell Chromebook ၁၁ နှင့် Acer C720 Chromebook တို့ကို ပရိုဆက်ဆာ အဆင့်မြှင့်ထားကြောင်း သိရသည်။

စိုးထက်
Ref: Mashable
7Day DAILY

No comments:

Post a Comment