Tuesday 13 May 2014

ကြိုးတုတ်ရိုက်သည့် ပွဲစားကိုဖမ်း၊ လူကုန်ကူးခံရသူ ၃ ဦးကို ကယ်တင်


ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန် ၅လမ်း တွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အဓမ္မလုပ်အား ခိုင်းစေပြီး ကြိုးတုတ်၍ ရိုက်နှက်သည့် မြန်မာပွဲစားအား ဖမ်းဆီးကာ လူ ကုန်ကူးခံနေရသည့်   မြန်မာအလုပ်သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင်လိုက်သည်။

 












မွန်ပြည်နယ်၊ သိမ်ဇရပ်မှ အသက်၂၀အရွယ် မျိုးမင်းအောင်၊ အသက် ၁၉နှစ် အရွယ် ဝေဇင်ထက် နှင့် အသက်၁၈နှစ်အရွယ် ကျော်ဇင်ထိုက် တို့သုံးဦး တို့အား တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ သာပေးဆပ်ရမည် ဟုဆိုကာ ပွဲစား ချစ်ပိုလင်း ဆိုသူ က ယောက္ခမ ဖြစ်သူ ဒေါ်ဌေးဌေး အား တစ်ရပ်ကွက်တည်း နေထိုင်ကြ သည့် အဆိုပါ ကလေး၃ဦးနှင့်အတူ အခြားကလေး၃ဦး(စုစုပေါင်း ၆ဦး) တို့အား ထိုင်းနိုင်ငံ အတွင်း သို့ ခေါ်ယူခဲ့သည်ဟု အလုပ်သမားများကပြော သည်။


၂လခွဲကျော်ကြာ အလုပ်လုပ်နေ စဉ်ကာလအတွင်း နေ့စဉ် နံနက် ၄နာ ရီမှ အိပ်ရာထရကြသည်။ ပွဲစားနှိုး၍ ချက်ချင်းအိပ်ရာမှ မထပါက အိမ်သာထဲမှ ရေခပ်၍ မျက်နှာများကိုလောင်း၍ နှိုးသည်။ နံနက်စာ တစ်စုံတစ်ခု မစားရပဲ   တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့အလုပ်လုပ်ခဲ့ရပြီး မွန်းလွဲ ၁နာရီတွင်မှ နံနက်ထမင်း စားရ သည်။

ညနေ၇နာရီကျော်အလုပ်သိမ်းပြီးနောက်ပိုင်းမှ ညနေစာထမင်းစားကြရသည်ဟု အလုပ်သမားများက ဆိုသည်။ မူလက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ ပေးရမည်ဟုပြောဆို၍ ခေါ် ယူခဲ့   သော် လည်း လမ်းစရိတ် ဘတ်ငွေ၂၅,၀၀၀  ပေးရ မည်ဟုပွဲစားက ပြောဆိုထားကြောင်း အလုပ်သမားများ က ပြော သည်။

ပြီးခဲ့သည့် မေလ ၈ ရက်စနေနေ့ညနေ က မျိုးအောင် ဆိုသည့်အလုပ် သမား ငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက်မှုကို မခံနိုင်တော့သဖြင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန် မာ နိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူ ညီတောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ် ဖွဲ့ AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးေ နာက် နကပထုန် လ၀ကရုံးတွင် လို အပ်သည့် စစ်ဆေး ချက်များကိုယူခဲ့ကြ သည်။ ယနေ့တွင် တရားရုံးမှဖမ်း ၀ရမ်းရ ရှိပြီး နေ့လည်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ သည်။

ပွဲစား ချစ်ပိုလင်း သည် အသက် ၁၉ နှစ်အရွယ် ဝေဇင်ထက် အား ဘယ် လက်ကောက် ၀တ် အား ပြူတင်းပေါက်တွင်ကြိုးချည်ပြီး ယာလက်ကောက်ဝတ်ကို ၀ရံတာတွင် ကြိုးစည်းအောင် ချည်နှောင်းပြီး ဓါတ်ကြိုးဖြင့် ရိုက်နှက်ခြင်း နံစောင်း အား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာအား လက် သီးဖြင့် ထိုးနှက် နှိပ်စက် သဖြင့် ဒဏ်ရာများရရှိခဲ့သည်။

 ဝေဇင်ထက် က “ ကျနော်ခုထိ စကားမပြောနိုင်ဘူး။ လက်တွေလည်း နာနေ တယ်။ ဘာကိုင်လို့မှမတွေ့ ဘူး ဖြစ်နေတယ်။ ဘေးစပ်ကလည်းအောင့် နေပါတယ် ။ ကျနော့်ကို မြန်မြန်ပြန်ပို့ပေးပါခင်ဗျာ” ဟု ငိုပြောချာသည်။

ပွဲစားသည် အခြား၂ဦး ကို လည်း လက်သီးဖြင့် ထိုးဖူးကြောင်း အချိုရည် ပုလင်းများဖြင့် မကြာမ ကြာ ပစ်ပေါက်လေ့ရှိ ကြောင်း ထမင်းကျွေး လျှင်လည်း မြိုဆို့ ဟူ၍ အယုတ္တ အနတ္တ ဆဲ ဆိုကြောင်း အလုပ် သမားများ က ပြောသည်။

အဓမ္မခိုင်းစေ ခံခဲ့ရသူ ၃ ဦး တို့အား မြို့နယ် အလုပ် သမား ဌာနမှ ၇၅ ရက်စာ လုပ်အားခ အ တွက် စားစရိတ်နုတ်ပြီး ရှင်းေ ပး ခဲ့ပြီး သက်သေထွက်ဆိုရန် အ တွက် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲသို့ ပို့ဆောင်လိုက်သည်။ အကြမ်းဖက်ရိုက်နှက်သည့် ပွဲစား ကိုမူ၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မ ခိုင်းစေမှုနှင့် လူကုန်ကူးမှု တို့ဖြင့် ဆက်လက်အရေးယူ သွားမည် ဖြစ်ကြောင်း AHTD ကပြောသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းအကျိုးစီးပွား အတွက် လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်း လုပ်ငန်း ရှင်က အပြည့်အ၀ကာကွယ်ပေးတယ် ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့ အဓမ္မခိုင်းစေသူ တို့နဲ့ အကြမ်းဖက် သူတွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေက ပျော့တယ်။ ကျနော်တို့နဲ့အတူ မြန်မာ အစိုးရ ကလည်း ပူးပေါင်းဆောင် ရွက်မှု မရှိတော့ ကျနော်တို့ အလုပ်လုပ်ရတာ အတော်ပဲ ခက်ခဲပင်ပန်းပါတယ်” ဟုပြောသည်။        

မင်းဘခက်
Golden Worker

No comments:

Post a Comment