Tuesday 13 May 2014

ဟန်လင်းမြို့ဟောင်းမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်း အပ်နှံသူကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ကျပ်သိန်း ၃၀ ခန့် ပေးအပ်

ပျူမြို့ဟောင်း သုံးမြို့တွင်ပါဝင်သည့် ဟန်လင်းမြို့ဟောင်းမှ တူးဖော်ရရှိသော အလေးချိန် လေးကျပ် သားကျော်ရှိ ရှေးဟောင်း ရွှေလက်ပတ် အပ်နှံခဲ့သည့် ဒေသခံတောင်သူကို ကျပ်သိန်း ၃၀ ခန့် (ကျပ် ၂,၉၉၇,၈၈၇) ပြန်လည် ပေးအပ်ခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဟန်လင်းဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြော ကြားသည်။
“စိုက်ပျိုးရေးလုပ်ဖို့ ထယ်ထွန်တုန်း သားအငယ်က တွေ့တာ။ ပြင်ပ ရွှေဆိုင်တွေမှာ ရောင်းလို့ရတယ်ဆိုတာ သိပေမယ့် ကိုယ့်ရွာလည်း တိုးတက်အောင်၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေကို ထိန်းသိမ်းရာ လည်း ရောက်အောင် ဘာမျှော်လင့်ချက်မှမရှိဘဲအပ်ခဲ့တာ။ ဒီဒေသက လူတွေအတွက်လည်း နမူနာ ဖြစ်အောင်ဆိုပြီး အပ်လိုက်တာ” ဟု အသက် ၆၅ နှစ်အရွယ်ရှိ တောင်သူ ဦးမြဝင်းက ပြောဆိုသည်။

ယခုအပ်နှံခဲ့သည့် ရွှေလက်ပတ်၏ လက်ရာမှာ အခြယ်အလှယ်၊ အမွန်း၊ အပြောက်များ ထူးထူးခြားခြား ပါဝင်ခြင်း မရှိသောကြောင့် ခေတ်အပိုင်းအခြားကို အတိအကျ သတ်မှတ်နိုင်ခြင်း မရရှိသေးကြောင်း ယဉ်ကျေးမ ဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမြင့်စိုးအောင်က ဆက်လက်ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment