Tuesday 13 May 2014

ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မြစ်ရေတစ်ရှိန်ထိုးမြင့်တက်နိုင်

Photo: ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မြစ်ရေတစ်ရှိန်ထိုးမြင့်တက်နိုင်
Tuesday, May 13, 2014

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၁၁ရက် ၌တစ်နေ့တည်း ၁၃ပေခန့်အထိ မြင့် တက်လာပြီး  မြစ်ဖြတ်သန်းရာ အောက်ပိုင်းဒေသများတွင်  မြစ်ရေတစ်ရှိန်ထိုးမြင့်တက်လာနိုင်သော ကြောင့် သက်ဆိုင်ရာဒေသတာ ၀န်ရှိသူများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံအထက်အစွန်း ပိုင်းပြည်တွင်းရော၊ ပြည်ပမှာရောမိုးကအဆက်မပြတ်ရွာနေတော့ ရွာသမျှမိုးက ဧရာဝတီမြစ်ထဲ စီးဝင်တာ။ တက်လာတဲ့ မြစ်ရေက အောက်ဘက်ကို တစ်ရှိန်ထိုးစီးလာမှာဖြစ်တဲ့အတွက် ရေယာဉ်တွေနဲ့ မြစ်ဘေးမှာ နေသူတွေကို သတိပေးချက်ထုတ်ထား ပါတယ်’’ဟု မိုး/ဇလဌာန မြစ်ရေခန့်မှန်းရေးဌာနဦးစီးအရာရှိ ဦးဝင်းမော်ကပြောသည်။

 မေလ၁၁ရက် တစ်ရက်တည်းတွင် မြစ်ကြီးနားမြို့၌ ဧရာဝတီ မြစ်ရေ ၁၃ပေအထိ မြင့်တက်ခဲ့ပြီး မြစ်အောက်ပိုင်းမြို့များဖြစ် သည့် ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့်ဇ လွန်တို့တွင် ၇ ပေမှ ၁၀ပေခန့်အထိ တစ်နေ့ချင်းအလိုက်အဆင့်ဆင့်မြင့်တက်လာနိုင်သည်။ ထို့ ကြောင့် မြစ်ကြောင်းအတွင်း သွားလာနေသော ရေယာဉ်နှင့် သင်္ဘောများ၊ မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ဒေသခံများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်သတိပေးထားကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

 ‘‘မြစ်အထက်ကနေ ဆင်း လာတာကြောင့်   မြစ်ကြီးနား အောက်မှာရှိတဲ့ ဗန်းမော်နဲ့ကသာ မြို့မှာ ဒီနေ့တစ်နေ့တည်း ၁၀ပေ နဲ့ ၈ပေအထိတက်လာပြီ။ အ ထက်ပိုင်းက တချို့မြို့တွေမှာ မိုး လေ၀သစခန်းမရှိသေးလို့ ဘယ် လောက်အထိ မိုးရွာနေလဲဆိုတာမတိုင်းတာနိုင်ဘူး။ ဒီရက်ပိုင်း ဧရာဝတီမြစ်ရေကိုတော့ သတိပြုဖို့လိုတယ်’’ဟု  ဦးဝင်းမော်က မေလ၁၂ရက်ကပြောသည်။

ဧရာဝတီမြစ်ဖြတ်သန်းသွား သည့် ဟင်္သာတမြို့တွင်လည်း မြစ် ကမ်းနံဘေးသောင်ခုံများတွင် တဲ ထိုး၍ စိုက်ပျိုးရေးလုပ်ငန်းနှင့်တံ ငါလုပ်ငန်းလုပ်ကိုင်သူများစွာရှိ ပြီး မြစ်ရေကြီးမည့် သတိပေးချက် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သတိပေးထားကြောင်း ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

 ယခုရက်ပိုင်း မြန်မာနိုင်ငံအနှံ့ရွာသွန်းသောမိုးသည် မုတ်သုံမိုးကြောင့်မဟုတ်ဘဲ ဘင်္ဂလားပင် လယ်အော်နှင့် ကပ္ပလီပင်လယ် ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်များ၏ အရှိန်ကြောင့်ဖြစ် ကြောင်း  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းသို့ ၀င်မည့် မုန်တိုင်းသည်ပင်လယ်အော်တွင် အင်အားကောင်းကောင်းနှင့် တိုက်ခတ်နေစဉ်ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ယင်းမိုးကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းအတွင်းသို့ တောင်ကျရေများရုတ်တရက်စီးဝင်ကာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ရှိ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တို့တွင် မြစ်ကမ်းနံဘေးနေကျေးရွာဒေသခံများ၏ အိမ်များရေစီးနှင့်မျောပါခဲ့ရသည်။ လူသေဆုံး မှုအချို့ရှိခဲ့ပြီး ဒေသခံလူဦးရေသုံးသောင်းနီးပါး  ရေဘေးသင့်ခဲ့သည်။

 Author: အောင်သစ်လွင်

 7DAY DAILY
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၁၁ရက် ၌တစ်နေ့တည်း ၁၃ပေခန့်အထိ မြင့်တက်လာ ပြီး  မြစ်ဖြတ်သန်းရာ အောက်ပိုင်းဒေသများတွင်  မြစ်ရေတစ်ရှိန်ထိုးမြင့်တက်လာနိုင်သော ကြောင့် သက် ဆိုင်ရာဒေသတာ ၀န်ရှိသူများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
‘‘မြန်မာနိုင်ငံအထက်အစွန်း ပိုင်းပြည်တွင်းရော၊ ပြည်ပမှာရောမိုးကအဆက်မပြတ်ရွာနေတော့ ရွာသမျှမိုးက ဧရာဝတီမြစ်ထဲ စီးဝင်တာ။ တက်လာတဲ့ မြစ်ရေက အောက်ဘက်ကို တစ်ရှိန်ထိုးစီးလာမှာဖြစ်တဲ့ အ တွက် ရေ ယာဉ်တွေနဲ့ မြစ်ဘေးမှာ နေသူတွေကို သတိပေးချက်ထုတ်ထား ပါတယ်’’ဟု မိုး/ ဇလဌာန မြစ်ရေခန့်မှန်းရေးဌာနဦးစီးအရာရှိ ဦးဝင်းမော်ကပြောသည်။

 မေလ၁၁ရက် တစ်ရက်တည်းတွင် မြစ်ကြီးနားမြို့၌ ဧရာဝတီ မြစ်ရေ ၁၃ပေအထိ မြင့်တက် ခဲ့ပြီး မြစ်အောက် ပိုင်းမြို့များဖြစ် သည့် ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ပြည်၊ ဆိတ်ဖြူ၊ ဟင်္သာတနှင့်ဇ လွန်တို့တွင် ၇ ပေမှ ၁၀ပေခန့်အထိ တစ်နေ့ချင်းအလိုက်အဆင့်ဆင့်မြင့်တက်လာနိုင်သည်။ ထို့ ကြောင့် မြစ်ကြောင်းအတွင်း သွား လာနေေ သာ ရေ ယာဉ်နှင့် သင်္ဘောများ၊ မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ၊ ကျွန်းများတွင်နေထိုင်သော ဒေသ ခံများ အား သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်သတိပေးထားကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

 ‘‘မြစ်အထက်ကနေ ဆင်း လာတာကြောင့်   မြစ်ကြီးနား အောက်မှာရှိတဲ့ ဗန်းမော်နဲ့ကသာ မြို့မှာ ဒီနေ့ တစ်နေ့တည်း ၁၀ပေ နဲ့ ၈ပေအထိတက်လာပြီ။ အ ထက်ပိုင်းက တချို့မြို့တွေမှာ မိုး လေ၀သစခန်း မရှိသေးလို့ ဘယ် လောက်အထိ မိုးရွာနေလဲဆိုတာမတိုင်းတာနိုင်ဘူး။ ဒီရက်ပိုင်း ဧရာဝတီမြစ်ရေကိုတော့ သတိပြုဖို့လိုတယ်’’ဟု  ဦးဝင်းမော်က မေလ၁၂ရက်ကပြောသည်။

ဧရာဝတီမြစ်ဖြတ်သန်းသွား သည့် ဟင်္သာတမြို့တွင်လည်း မြစ် ကမ်းနံဘေးသောင်ခုံများတွင် တဲ ထိုး၍ စိုက် ပျိုးရေးလုပ်ငန်းနှင့်တံ ငါလုပ်ငန်းလုပ်ကိုင်သူများစွာရှိပြီး မြစ်ရေကြီးမည့် သတိပေးချက်ကို ရပ်ကွက် အုပ် ချုပ်ရေးမှူးများမှ တစ်ဆင့် သတိပေးထားကြောင်း ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေး က ပြော သည်။

 ယခုရက်ပိုင်း မြန်မာနိုင်ငံအနှံ့ရွာသွန်းသောမိုးသည် မုတ်သုံမိုးကြောင့်မဟုတ်ဘဲ ဘင်္ဂလားပင် လယ်အော်နှ င့် ကပ္ပလီပင်လယ် ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်များ၏ အရှိန်ကြောင့်ဖြစ် ကြောင်း  မိုးလေ၀သ ပညာ ရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းသို့ ၀င်မည့် မုန်တိုင်းသည် ပင် လယ်အော်တွင် အင်အားကောင်းကောင်းနှင့် တိုက်ခတ်နေစဉ်ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန် မာနိုင်ငံ အထက် ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ယင်းမိုးကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်း အတွင်းသို့ တောင်ကျရေများရုတ်တရက်စီးဝင်ကာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ရှိ ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တို့တွင် မြစ်ကမ်းနံဘေးနေကျေးရွာဒေသခံများ၏ အိမ်များရေစီးနှင့်မျောပါခဲ့ရသည်။ လူသေဆုံး မှုအချို့ရှိခဲ့ပြီး ဒေသခံလူဦးရေသုံးသောင်းနီးပါး  ရေဘေးသင့်ခဲ့သည်။

 Author: အောင်သစ်လွင်
 7DAY DAILY

No comments:

Post a Comment