Tuesday 13 May 2014

အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် အချိန်အတွင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်က မေ ၁၁ ရက်က နေပြည်တော်၌ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များဖိုရမ် အကြိုဂုဏ်ပြုညစာစားပွဲတွင် ပြော ကြား ခဲ့ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံအတွင်း စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၆ သည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အချိုးအစားအများဆုံးပါဝင်ပြီး အလုပ် အကိုင် အခွင့်အလမ်း ပေါ်ထွန်းစေရေးကိုလည်း များစွာအထောက်အကူဖြစ်စေကြောင်း၊ ယင်းအတွက် အဆိုပါ လုပ်ငန်းများဖွံ့ဖြိုးရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတက ပြောကြား ခဲ့ခြင်းဖြစ် သည်။
   
အာဆီယံစီးပွားရေး အသိုက်အ၀န်းတည်ဆောက်ရာတွင် ပုဂ္ဂလိကကဏ္ဍများ၏ တုံ့ပြန်ချက်များကို နားထောင်သွားရန် လိုပါကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်သည့်အခါတွင် အဟန့်အတားများ လျော့ကျစေရ န်နှင့် မူဝါဒများ၏ ထိရောက်မှုရှိမှုနှင့် သက်ရောက်မှုကို အကဲဖြတ်ရာတွင် စီးပွားရေးကဏ္ဍက အကြံပြုချက်များသည် အရေးကြီးပါကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
   
ထို့ပြင် သမ္မတဦးသိန်းစိန်က ပြည်သူများ၏ ဆန္ဒနှင့်အညီ အမျိုးသားပြန်လည် စည်းလုံးရေး အတွက် ဆောင် ရွက်ခဲ့ရာ မကြာမီအချိန်အတွင်း မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသဘောတူညီချက်သည် နိုင်ငံရေးဖော်ဆောင်မှု သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်လာမည်ဟု မျှော်လင့် ပါကြောင်းဖြင့် လည်း ပြောကြားခဲ့ကြောင်း သိရသည်။
   
၁၁ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များဖိုရမ်ကို မေ ၁၂ ရက်က နေပြည်တော် ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment