Tuesday 13 May 2014

ကဆုန်လပြည့်နေတွင် ထားဝယ် ရိုးရာ ကျွဲခတ်ပွဲ ကျင်းပ


ယနေ့သည် ဗုဒ္ဓဘာသာဝင် တို့၏ အထွတ်အမြတ် ထားရာ ကဆုန် လပြည့်နေ့ ဖြစ် သည်နှင့် အညီကဆုန်ညောင်ရေသွန်း ပွဲတော်ကို ကျင်းပလျက် ရှိရာ တနင်္သာရီ တိုင်းဒေသကြီး ၊ ထားဝယ်ဒေသ အတွင်း အစည်ကားဆုံး ပွဲတော် ကျင်းပ ရာနေရာဖြစ်သည့် ရှင်မုတ္ထီး ဘုရား အနီးတွင် ထားဝယ်ရိုးရာ ကျွဲခတ်ပွဲ ကို မွန်းလွဲ ၂ နာရီ အချိန်မှ စ၍ စတင် ကျင်းပနေပြီဖြစ်သည်။

ထားဝယ် ရိုးရာ ကျွဲခတ်ပွဲကို လွန်ခဲ့သည့်နှစ်ပေါင်း ၈၂ ခန့်မှ စတင် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း ကျွဲခတ်ပွဲ ဦးဆောင် ကျင်းပသည့် ဒေါ်သန်းကြွယ် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကဆုန် ညောင်ရေသွန်း ပွဲတော်နှင့် ထားဝယ် ရိုးရာကျွဲခတ် ပွဲသို့ ထားဝယ်ဒေသ အနှံ့အပြားမှ ဧည့်သည်များနှင့် အထူး စည်ကားလျက် ရှိပြီး ပျော်ရွှင်စွာ ဆင်နွှဲလျက် ရှိနေပြီဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal

No comments:

Post a Comment