Tuesday 13 May 2014

မုံရွာတက္ကသိုလ်ဆေးရုံ၌ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများ အခမဲ့ ဆေးကုသခွင့်ရရှိမည်

Photo: မုံရွာတက္ကသိုလ်ဆေးရုံ၌ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများ အခမဲ့ ဆေးကုသခွင့်ရရှိမည်
Tueday, May 13, 2014

နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် မုံရွာတက္ကသိုလ် ဆေးရုံကို ၂၀၁၄ ခုနှစ်တွင်း ပြင်ဆင်မှုများ ပြုလုပ်ခြင်းနှင့် ဆေးဝါးများ ဖြည့် တင်းပြီး ဖြစ်သောကြောင့် ယခုနှစ် ကျောင်းဖွင့်ရာသီမှ စတင်၍ တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့ ဆေးကုသခွင့် ရရှိတော့မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အနေနှင့် ဖျားနာခြင်းများ၊ ထိခိုက်ဒဏ်ရာ ရှိခြင်းများကို တက္ကသိုလ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနိုင်ပြီး၊ ဆေးဝါးများအတွက် အခကြေး ငွေပေးစရာ မလိုဘဲ အခမဲ့ ကုသနိုင်မည်ဟု ၎င်းကပြောဆိုသည်။ 

“ဒီဆေးရုံ အဆောက်အအုံက ရှိခဲ့တာတော့ ကြာပါပြီ။ ဒီအတိုင်းပဲ ပစ်ထားခဲ့တာ။ အခုတော့လမ်းတွေ၊ အဆောက်အအုံတွေ ပြန်လည် ပြင်ဆင်ပြီးပါပြီ။ ဆေးတွေလည်း ထည့်ပြီးပြီဆိုတော့ ဒီနှစ် ကျောင်းဖွင့် ရာသီကစပြီး ဆေးကုမှု ခံယူနိုင်တော့မှာပါ။ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ခန့်ထားပြီးပါပြီ” ဟု မုံရွာ တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ပြောဆိုသည်။

မုံရွာတက္ကသိုလ် နယ်မြေအတွင်းတွင်၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း စာသင်ဆောင်အသစ်များ၊ အားကစားခန်းမများ၊ စာကြည့်တိုက် အသစ်များ တည်ဆောက်ခဲ့သည့်အပြင် ဘွဲ့နှင်းသဘင် ခန်းမအသစ်ကြီးကိုလည်း တည်ဆောက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေနှင့် ယခင်ကမုံရွာ တက္ကသိုလ်ထက် သာလွန်နေပြီ ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဝန်ထမ်းများနှင့် ဆရာဆရာမများက တူညီစွာ ပြောဆိုသည်။

“မုံရွာတက္ကသိုလ်မှာ ကျွန်တော်တို့ တက်ခဲ့တုန်းက တောကြီးပါပဲ။ အခုတော့ ပန်းခြံတွေ၊ ဆိုင်ကယ်တွေ စနစ်တကျ ရပ်နိုင်တဲ့ နေရာတွေ၊ နောက်ပြီးလမ်း ညွှန်ဆိုင်းဘုတ်တွေနဲ့ အရင်ကနဲ့ ဘာမှမတူအောင် ပြောင်းလဲသွားပြီ” ဟု မုံရွာ တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည့် ကျောင်းသားဟောင်း တစ်ဦးက ပြောကြားသည်။

The Voice Weekly
နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် မုံရွာတက္ကသိုလ် ဆေးရုံကို ၂၀၁၄ ခုနှစ်တွင်း ပြင်ဆင်မှု များ ပြု လုပ်ခြ င်းနှင့် ဆေးဝါးများ ဖြည့် တင်းပြီး ဖြစ်သောကြောင့် ယခုနှစ် ကျောင်းဖွင့်ရာသီမှစတင်၍ တက္ကသိုလ် ဝန် ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့ ဆေးကုသခွင့်ရရှိတော့မည် ဖြစ်ကြောင်း ယင်း တက္ကသိုလ် တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။
တက္ကသိုလ် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အနေနှင့် ဖျားနာခြင်းများ၊ ထိခိုက်ဒဏ်ရာ ရှိခြင်း များကို တက္ကသိုလ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနိုင်ပြီး၊ ဆေးဝါးများအတွက် အခကြေး ငွေပေးစရာ မလိုဘဲ အခမဲ့ ကုသနိုင်မည်ဟု ၎င်းကပြောဆိုသည်။

“ဒီဆေးရုံ အဆောက်အအုံက ရှိခဲ့တာတော့ ကြာပါပြီ။ ဒီအတိုင်းပဲ ပစ်ထားခဲ့တာ။ အခုတော့လမ်းတွေ၊ အဆောက် အအုံတွေ ပြန်လည် ပြင်ဆင်ပြီးပါပြီ။ ဆေးတွေလည်း ထည့်ပြီးပြီဆိုတော့ ဒီနှစ် ကျောင်းဖွင့် ရာသီက စပြီး ဆေးကုမှု ခံယူနိုင်တော့မှာပါ။ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ခန့်ထားပြီးပါပြီ” ဟု မုံရွာ တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ပြောဆိုသည်။

မုံရွာတက္ကသိုလ် နယ်မြေအတွင်းတွင်၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း စာသင်ဆောင်အသစ်များ၊ အား ကစားခန်းမများ၊ စာကြည့်တိုက် အသစ်များ တည်ဆောက်ခဲ့သည့်အပြင် ဘွဲ့နှင်းသဘင် ခန်းမ အသစ်ကြီး ကိုလည်း တည်ဆောက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေနှင့် ယခင်ကမုံရွာ တက္ကသိုလ်ထက် သာလွန်နေပြီ ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဝန်ထမ်းများနှင့် ဆရာဆရာမများက တူညီစွာ ပြောဆိုသည်။

“မုံရွာတက္ကသိုလ်မှာ ကျွန်တော်တို့ တက်ခဲ့တုန်းက တောကြီးပါပဲ။ အခုတော့ ပန်းခြံတွေ၊ ဆိုင်ကယ်တွေ စနစ်တကျ ရပ်နိုင်တဲ့ နေရာတွေ၊ နောက်ပြီးလမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ အရင်ကနဲ့ ဘာမှမတူအောင် ပြော င်းလဲသွားပြီ” ဟု မုံရွာတက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည့် ကျောင်းသားဟောင်း တစ်ဦး က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment