တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည် ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆို လိုက် ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး ကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း နိုင်ငံရေး ပြည့်တန်ဆာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကသည် ပတ်ဂွမ်ဟေး ဖန်တီးထားသော ထိပ်တိုက်ရင်ဆိုင်ရေး အကြံအစည်ကို မျက်စိ မှိတ် ထောက် ခံ နေကြောင်းကိုလည်း အမည်ဖော်ပြခြင်း မရှိသည့် မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ၏ ထုတ်ပြန် ပြောကြားချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA သတင်း တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား ထုတ်ပြန် ကြေညာချက်သည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း၊ မြောက်ကိုရီးယား သည် နိုင်ငံတစ်ခုဟုပင် မခေါ်နိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမရှိဘဲ လူတစ်ဦး တစ်ယောက်ကိုသာ အကာအကွယ်ပေးရန် တည်ရှိနေရသော နိုင်ငံတစ်ခုဟု ဆိုနိုင်ကြော င်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နည်းနာပိုင်းအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်း ချမ်းရေးစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။
မြောက်ကိုရီးယား၏ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကကို တိုက်ခိုက်သည့် စကားလုံးများဖြင့် သုံးနှုန်း ပြောဆိုခြင်းသည် နောက်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဧပြီလကလည်း အမေရိကန်သမ္မတ အိုဘားမား ကို ကောက်ကျစ်စဉ်းလဲသော မျောက်မည်းဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။
မတ်လနှောင်းပိုင်းက တောင်ကိုရီးယား နယ်မြေဘက်ခြမ်း နေရာသုံးခုတွင် တွေ့ရှိ ရသော မောင်းသူ မဲ့လေ ယာဉ် သုံးစင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment