Monday 19 May 2014

ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး

Photo: ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး
Monday, May 19, 2014

ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူကရိန်းနိုင်ငံ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

ယူကရိန်း၏ လက်ရှိ အခြေအနေသည် ၁၉၉၀ ပြည့်နှစ်များဆီက ခရိုအေးရှား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်မက် အကျပ်အတည်းမျိုးနှင့် တူညီမည့် အနေအထားတွင် ရှိကြောင်း ခရိုအေးရှား နိုင်ငံသားလည်း ဖြစ်သူ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ပြောကြားသည်။

ယူကရိန်းနိုင်ငံမှ နေ့စဉ်ရရှိသော သတင်းများအရ အစိုးရတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သူပုန်များသည် နေ့စဉ် ဆိုသကဲ့သို့ပင် ပဋိပက္ခ ဖြစ်လျက်ရှိကြောင်း သိရသည်။

အကျပ်အတည်းများ ပြေလည်စေရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ဦးဆောင် ကမကထပြုကာ ကြားဝင် ဖျန်ဖြေပေးသည့် ဆွေးနွေးပွဲသို့ ယူကရိန်းခွဲထွက်ရေး အင်အားစုများ တက်ရောက်ခြင်း မရှိပေ။

မကြာသေးခင်က ယူကရိန်းမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သော ဒိုနီဆက်ပြည်နယ်မှ ခွဲထွက်ရေး သူပုန်များက ၎င်းတို့ စိတ်တိုင်းကျ ဝန်ကြီးချုပ်သစ်တစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒိုနီဆက်ပြည်နယ် ဝန်ကြီးချုပ်သစ် အလက်ဇန္ဒားဘိုရိုဒိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည်ဟူသော ဥပဒေအကြောင်း ကိစ္စသည် ရုရှားနိုင်ငံသို့ ပူးပေါင်းခွင့် ရရှိအောင် လုပ်ဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ယူကရိန်းအစိုးရ အဆောက်အအုံများကို သိမ်းပိုက်ရယူထားသည်။

ထိုသို့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးက “ယူကရိန်းဟာ ဘယ်လိုမှ နောက်ကြောင်း ပြန်လှည့်လို့ မရတော့တဲ့ အနေအထားမျိုးဆီကို တစ်ဖြည်းဖြည်းချင်း သွားနေတဲ့အတွက် ကျွန်တော် အင်မတန် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ပြောကြားသည်။

ကုလသမဂ္ဂ အဆိုအရ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မတရားသဖြင့် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် ဖြစ်ရပ်များ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်း ပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြား လိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူက ရိန်းနိုင်ငံ ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

ယူကရိန်း၏ လက်ရှိ အခြေအနေသည် ၁၉၉၀ ပြည့်နှစ်များဆီက ခရိုအေးရှား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်မက် အကျပ်အတည်းမျိုးနှင့် တူညီမည့် အနေအထားတွင် ရှိကြောင်း ခရိုအေးရှား နိုင်ငံသားလည်း ဖြစ်သူ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ပြောကြားသည်။

ယူကရိန်းနိုင်ငံမှ နေ့စဉ်ရရှိသော သတင်းများအရ အစိုးရတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သူပုန်များသည် နေ့ စဉ် ဆို သကဲ့သို့ပင် ပဋိပက္ခ ဖြစ်လျက်ရှိကြောင်း သိရသည်။

အကျပ်အတည်းများ ပြေလည်စေရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ဦးဆောင် ကမကထပြုကာ ကြား ဝင် ဖျန်ဖြေပေးသည့် ဆွေးနွေးပွဲသို့ ယူကရိန်းခွဲထွက်ရေး အင်အားစုများ တက်ရောက်ခြင်း မရှိပေ။

မကြာသေးခင်က ယူကရိန်းမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သော ဒိုနီဆက်ပြည်နယ် မှ ခွဲထွက်ရေး သူပုန်များက ၎င်းတို့ စိတ်တိုင်းကျ ဝန်ကြီးချုပ်သစ်တစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒိုနီဆက်ပြည်နယ် ဝန်ကြီးချုပ်သစ် အလက်ဇန္ဒားဘိုရိုဒိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည်ဟူသော ဥပဒေအကြောင်း ကိစ္စသည် ရုရှားနိုင်ငံသို့ ပူးပေါင်းခွင့် ရရှိအောင် လုပ်ဆောင်ပေးလိမ့် မည် ဖြစ်ကြော င်း ပြောကြားသည်။

ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ယူကရိန်းအစိုးရ အဆောက်အအုံ များကို သိမ်းပိုက်ရယူထားသည်။

ထိုသို့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးက “ယူကရိန်းဟာ ဘယ်လိုမှ နော က်ကြောင်း ပြန်လှည့်လို့ မရတော့တဲ့ အနေအထားမျိုးဆီကို တစ်ဖြည်းဖြည်းချင်း သွားနေတဲ့အတွက် ကျွန်တော် အင်မတန် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ပြောကြားသည်။

ကုလသမဂ္ဂ အဆိုအရ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မတရားသဖြင့် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် ဖြစ်ရပ်များ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment