Monday 19 May 2014

ကိုယ်စားလှယ်လောင်းများ စည်းရုံး လှုံ့ဆော်မှု ညွှန်ကြားချက် မူကြမ်းအား NLD တင်ပြချက် အတိုင်း ကော်မရှင် မှ မလုပ်ဆောင်ပေးပါက လွှတ်တော် တင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီကိုယ်စားလှယ်လောင်းများ စည်းရုံးလှုံ့ဆော်မှု ညွှန်ကြားချက် မူကြမ်းကို NLD ပါတီ၏ တင်ပြချက်အတိုင်း မလုပ်ဆောင်ပေးပါက ဥပဒေကြောင်းအရ လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။ 

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွဲစည်းရုံးခွင့်တို့နှင့် ပက်သက်၍ ထုတ်ပြန်မည့် ညွှန်ကြားချက် မူကြမ်းနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ ခဲ့တဲ့နေရာမှာ သူတို့ဘက်က လည်း ပြောတယ်။ ကျွန်တော်တို့ ဘက်ကလည်း သဘောထားတင်ခဲ့တယ်။ ကျွန်တော်တို့ဒီ စည်းရုံးလှုံ့ဆော်တဲ့ စာတမ်းက မလုပ်သင့်ဘူး။ ဘာဖြစ် လို့ လဲဆိုတော့ ဘယ်ဥပဒေကမှ အာဏာမပေးထားဘူး။ နောက်တစ်ခုက တကယ်လို့ လုပ်ခဲ့တယ် ဆိုရင် လည်း ဒါဥပဒေပြုသကဲ့သို့ ဖြစ်တယ်။ 

ဥပဒေပြုတဲ့ အာဏာဟာ ပြည်ထောင်စု ကော်မရှင်မှာပဲရှိတယ်လို့ တင်ခဲ့တယ် ဟု ၎င်း က ဆက်လက်ပြော သည်။ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် နှင့် ပါတီ များတွေ့ဆုံပြီး ယင်းညွှန်ကြားချက်မူကြမ်းကို ထုတ်ပြန်ရန်တွက် ဆွေးနွေးမှုများ ကို မေ(၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပြီး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ဦးဉဏ်ဝင်း တို့သည် မေ (၁၆) ရက်နေ့က သီးသန့်တွေ့ဆုံခဲ့ကြသည်။ 

ဒီအချိန်ဟာ နည်းနည်းလေး ထိန်းချုပ်ဖို့လိုတဲ့ ကာလဖြစ်တဲ့အတွက် ကြောင့် ကျွန်တော်တို့က ပါတီဝင်တွေ ကို ထိန်းချုပ်ထားတဲ့ သဘောရှိတယ်။ အဲဒီတွက်ကြောင့် နားလည်ပေးပါ။ ကျွန်တော်တို့ မြန်မာ စကားပုံ ရှိပါ တယ်။ တင်းလွန်းနေရင် ပြတ်ပါတယ။် လျော့နည်းရင်လည်း ပတ်ပါတယ်။ ဒီစကားပုံကို ကျွန်တော် လိုက် နာပြီးတော့ ကျွန်တော် လုပ်နေပါတယ်။ 

ကျွန်တော် တင်းလည်း မတင်းပါဘူး။ လျော့လည်း မလျော့ပါဘူး။ ကိုယ်လုပ်တဲ့ ကိစ္စတွေအားလုံးကို ခင်ဗျားတို့နဲ့ တိုင်ပင်ပြီး လုပ်နေတယ် ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က မေ(၁၅) ရက်နေ့က ပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နေဖြင့် ဥပဒေကြောင်းအရ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်တို့နှင့် ဆိုင်သောကြောင့် လိုအပ်လာပါက လွှတ်တော် ကိုယ်စားလှယ်က တစ်ဆင့် လွှတ်တော်သို့ တင်သွားမည် ဖြစ်ကြောင်း သိရသည်။  

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်များ စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်တို့နှင့် ပတ်သက်၍ ထုတ်ပြန်မည့် ညွှန်ကြားချက် မူကြမ်းကို နိုင်ငံရေးပါတီများ သဘောတူညီမှု ရရှိမှသာ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။

Messenger News Journal

No comments:

Post a Comment