Monday 19 May 2014

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်အမတ်များ ပိုမိုထောက်ခံလာရန် တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းသွားကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများ ရယူသွားမည်ဟု မ .ဘ .သ (ဗဟို)ပြောကြား

Photo: မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်အမတ်များ ပိုမိုထောက်ခံလာရန် တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းသွားကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများ ရယူသွားမည်ဟု မ .ဘ .သ (ဗဟို)ပြောကြား
Monday, May 19, 2014

မျိုးစောင့်ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများရ ယူသွား မည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က မေ ၁၇ ရက်က ပြောကြားသည်။

မေ ၁၇ ရက်က ရန်ကုန်မြို့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက် ၌ ပြုလုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးအောင်မြိုင်က မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြိုင်က “ကျွန်တော်တို့ အခုလုပ်နေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်မှာထောက်ခံတဲ့ အမတ်တွေ၊ မထောက်ခံတဲ့ အမတ်တွေ ရှိလာမယ်။ ဒီအခါမှာ ကျွန်တော်တို့က မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို ထောက်ခံတဲ့ အမတ်တွေ များလာဖို့အတွက် မြို့နယ်တိုင်းမှာရှိတဲ့ မ.ဘ.သ ကော်မတီတွေက ဒီထက်ပိုပြီးတော့ လုပ်သွားမယ်။ တကယ်လို့ ၀ံသာနုရက္ခိတအဖွဲ့ မဖွဲ့ရသေးတဲ့ မြို့နယ်တွေရှိရင် အခုအချိန်မှာ လာမယ့်နှစ်ပတ်လည် ညီလာခံကြီး မတိုင်မီ သုံးလအတွင်း ဒီဝံသာနုရက္ခိတအဖွဲ့တွေကို တစ်နိုင်ငံလုံးက မြို့နယ်တွေမှာ စတင်ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်နေပါတယ်။ ဒါတွေက လွှတ်တော်မှာ သူ့ဘက်ကိုယ့်ဘက်ငြင်းခုံမယ့် အပိုင်းတွေ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူ့ဆန္ဒကဘာလဲ။ ပြည်သူလိုချင်တာ ဘာလဲဆိုတာကို ကျွန်တော်တို့ ဒီလွှတ်တော်အမတ်တွေသိအောင် တရားသောနည်းလမ်းနဲ့ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဆန္ဒပြပွဲတွေလို ဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ လမ်းတွေပေါ်မှာ လူတွေ ၀ရုန်းသုန်းကားဖြစ်အောင် ဆောင်ရွက်သွားဖို့ မရှိပါဘူး။ ကျွန်တော်တို့က စုရပ်ကလေးတွေမှာ ကျွန်တော်တို့ ဟောပြောပွဲတွေလုပ်ပြီးတော့ သက်ဆိုင်ရာကသိအောင် ကျွန်တော်တို့ပို့သွားမယ်။ အဲ့ဒီလို တစ်နိုင်ငံလုံးကို မ.ဘ.သ မြို့နယ်အဖွဲ့တွေက လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

လူထုဆန္ဒခံယူပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုတွင် မ.ဘ.သ(ဗဟို) ၏ နှစ် ပတ်လည် ညီလာခံမတိုင်မီ သုံးလအတွင်း မော်လမြိုင်ကျွန်းမြို့ နယ်နှင့် တောင်ကြီး၊ ဟိုပုန်း၊ မြ၀တီ စသည့်မြို့များတွင် ရက်ရှည်ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေကြမ်းလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အား ၂၀၁၃ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မြို့နယ်အဖွဲ့ခွဲပေါင်း ၂၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

Eleven Media Group  

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်သော အမျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်သော အမျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
မျိုးစောင့် ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းကာ တရားသော နည်း လမ်းဖြင့် ပြည်သူ့ဆန္ဒများရ ယူသွား မည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က မေ ၁၇ ရက်က ပြောကြားသည်။
မေ ၁၇ ရက်က ရန်ကုန်မြို့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက် ၌ ပြုလုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးအောင်မြိုင်က မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြိုင်က “ကျွန်တော်တို့ အခုလုပ်နေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော် မှာထောက်ခံတဲ့ အမတ်တွေ၊ မထောက်ခံတဲ့ အမတ်တွေ ရှိလာမယ်။ ဒီအခါမှာ ကျွန်တော်တို့က မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို ထောက်ခံတဲ့ အမတ်တွေ များလာဖို့အတွက် မြို့နယ်တိုင်းမှာရှိတဲ့ မ.ဘ.သ ကော်မတီတွေက ဒီထက်ပိုပြီးတော့ လုပ်သွားမယ်။ တကယ်လို့ ၀ံသာနုရက္ခိတအဖွဲ့ မဖွဲ့ရသေးတဲ့ မြို့နယ်တွေ ရှိရင် အခုအချိန်မှာ လာမယ့်နှစ်ပတ်လည် ညီလာခံကြီး မတိုင်မီ သုံးလအတွင်း ဒီဝံသာနုရက္ခိတအဖွဲ့တွေကို တစ်နိုင်ငံလုံးက မြို့နယ်တွေမှာ စတင်ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်နေပါတယ်။ ဒါတွေက လွှတ်တော်မှာ သူ့ဘက်ကိုယ့်ဘက်ငြင်းခုံမယ့် အပိုင်းတွေ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူ့ဆန္ဒကဘာလဲ။ ပြည်သူလိုချင်တာ ဘာလဲဆိုတာကို ကျွန်တော်တို့ ဒီလွှတ်တော် အမတ်တွေသိအောင် တရားသောနည်းလမ်းနဲ့ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေ ရာ မှာ ဆန္ဒပြပွဲတွေလို ဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ လမ်းတွေပေါ်မှာ လူတွေ ၀ရုန်းသုန်း ကားဖြစ်အောင် ဆောင် ရွက် သွားဖို့ မရှိပါဘူး။ ကျွန်တော်တို့က စုရပ်ကလေးတွေမှာ ကျွန်တော် တို့ ဟောပြောပွဲတွေလုပ်ပြီးတော့ သက်ဆိုင်ရာကသိအောင် ကျွန်တော်တို့ပို့သွားမယ်။ အဲ့ဒီလို တစ်နိုင်ငံလုံး ကို မ.ဘ.သ မြို့နယ်အဖွဲ့တွေက လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

လူထုဆန္ဒခံယူပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုတွင် မ.ဘ.သ(ဗဟို) ၏ နှစ် ပတ်လည် ညီလာခံမတိုင်မီ သုံးလ အတွင်း မော်လမြိုင်ကျွန်းမြို့ နယ်နှင့် တောင်ကြီး၊ ဟိုပုန်း၊ မြ၀တီ စသည့်မြို့များတွင် ရက် ရှည်ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေကြမ်းလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင် ရာ ဥပဒေတို့ဖြစ်သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အား ၂၀၁၃ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မြို့နယ်အဖွဲ့ခွဲပေါင်း ၂၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment