Monday 19 May 2014

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် လူငယ်အသင်းများ ဖွဲ့စည်းရန် လူရွေးချယ်

Photo: မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် လူငယ်အသင်းများ ဖွဲ့စည်းရန် လူရွေးချယ်
Monday, May 19, 2014

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး) အတွက် လူငယ် အသင်းများ ဖွဲ့စည်းရန် လူရွေးပွဲကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏလေ့ကျင့်ရေး ကွင်း(၁)၌ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နည်းစနစ်ဌာန ဒါရိုက်တာ ဦးဝင်းသူမိုးနှင့် နည်းပြ အဖွဲ့ဝင်များက ရွေးချယ် ပေးခဲ့သည်။

ယခုလူရွေးပွဲကို ပထမအဆင့် လူရွေးပွဲများမှ ရွေးချယ်ထားသော ပဏာမကစားသမား ၈၇ ဦးထဲမှထပ်မံရွေး ချယ်ခြင်းဖြစ်ပြီး ယူ-၁၂အသင်းအတွက် ကစားသမား ၃၀ရွေးချယ်သွားမည်ဖြစ်သည်။ 

ကျန်ရှိသော ကစား သမားများထဲမှ အရည်အချင်းရှိသော လူငယ် ကစားသမားများကို ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၅အသင်းများအတွက် ထပ်မံရွေးချယ် သွားမည်ဖြစ်သည်။ ပထမအဆင့်လူရွေးပွဲများကို ဧပြီ ၂၆ ရက်မှ ၂၉ရက်အထိ ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင်နှင့် မကွေးစသည့်မြို့ကြီး ခုနစ်မြို့တွင် ကျင်းပခဲ့သည်။

MOI Webportal Myanmar
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် မြန်မာ ဘောလုံး အကယ်ဒမီ(မန္တလေး)အတွက် လူငယ် အသင်းများ ဖွဲ့စည်းရန် လူရွေးပွဲကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ ကျင်းပခဲ့ရာ မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဌာန ဒါရိုက်တာ ဦးဝင်းသူမိုးနှင့် နည်းပြ အဖွဲ့ဝင်များက ရွေးချယ် ပေးခဲ့ သည်။
ယခုလူရွေးပွဲကို ပထမအဆင့် လူရွေးပွဲများမှ ရွေးချယ်ထားသော ပဏာမကစားသမား ၈၇ ဦးထဲမှထပ်မံရွေး ချယ်ခြင်းဖြစ်ပြီး ယူ-၁၂အသင်းအတွက် ကစားသမား ၃၀ရွေးချယ်သွားမည်ဖြစ်သည်။

ကျန်ရှိသော ကစား သမားများထဲမှ အရည်အချင်းရှိသော လူငယ် ကစားသမားများကို ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၅အသင်းများအတွက် ထပ်မံရွေးချယ် သွားမည်ဖြစ်သည်။ ပထမအဆင့်လူရွေးပွဲများကို ဧပြီ ၂၆ ရက်မှ ၂၉ရက်အထိ ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင်နှင့် မကွေးစသည့်မြို့ကြီး ခုနစ်မြို့တွင် ကျင်းပခဲ့သည်။

MOI Webportal Myanmar

No comments:

Post a Comment