
ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို ပိုမိုစိစစ်ခြင်း အဖြစ် “ခ” လိုင်စင် (ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်) မှ “ဃ” လိုင်စင် (အငှားယာဉ်မောင်း လိုင်စင်) သို့ ပြောင်း လဲ လျှင် လိုင်စင်စာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနထံမှ သိရသည်။
“စာမေးပွဲ ထပ်မဖြေဘဲ လိုင်စင် ထုတ်မပေးတော့ပါဘူး” ဟု အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦး က ပြော ကြားသည်။
ယခင်က “ခ” လိုင်စင်မှ “ဃ” လိုင်စင် ပြောင်းလဲပါက စာမေးပွဲဖြေဆိုရန် မလိုကြောင်း ယာဉ်မောင်း များက ပြောဆိုသည်။ “ကျွန်တော်တို့တုန်းကတော့ မဖြေခဲ့ရပါဘူး။ လိုင်စင်လဲရုံပါပဲ။ “ခ” ကနေ “င” ပြောင်း ရင်တော့ ဖြေရတယ်” ဟု “င” လိုင်စင် (လိုင်စင်အနီ) ကိုင်ဆောင်ထားသူ ယာဉ်မောင်း ဦးဝင်းမြင့်က ဆိုသည်။
လိုင်စင် ထပ်မံဖြေဆိုရာတွင် နိုင်ငံတကာ၌ စစ်ဆေးလျက်ရှိသည့် စိတ်အခြေအနေ ပုံမှန်ရှိမရှိ၊ အရက်သောက်သုံးမှုနှင့် အမြင်အာရုံ စစ်ဆေးမှုတို့ပါဝင်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျှော့ချ ရန်ဖြစ်ကြော င်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment