Monday 19 May 2014

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင် ၀င်ရောက်၊ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံ မှုများ နေရာအနှံ့ဖြစ်ပွားခဲ့


မေ ၁၈ ရက် ညနေပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် အချို့တွင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေ သည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ဒေသ များ သို့ ဆက်လက်ဝင်ရောက်လျက် ရှိသောကြောင့် ရန်ကုန်မြို့တွင် မေ ၁၈ ရက် ညနေပိုင်း၌ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ လမ်းမပေါ်များ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပြည်သူများ ခရီးသွားလာရာတွင် အခက်အခဲများစွာ ဖြစ်ခဲ့သည်။

“တာမွေ ငါးခွဆုံအနီးမှာဆိုရင် လမ်းပေါ်မှာ ရေကြီးမှုက ခါးအထိတောင် ရှိတယ်။ ကားလေးတွေဆိုရင် ဒီလမ်းကနေလှည့်ပြီးတောင် သွားရ တယ်။ နောက်ပြီး ရေတွေက Ocean Super Market ရဲ့ ကားပါကင် အထိ ၀င်ရောက်မှုတွေ ဖြစ်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်း ဦးမျိုးမင်း က ပြောကြားသည်။

မေ ၁၈ ရက် ညနေပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ် ပွားနေ သည်ကို တွေ့ရစဉ်
ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ ကျောက်မြောင်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ရန်ကင်း၊ လသာမြို့နယ်နှင့် အခြားမြို့နယ်များရှိ လမ်းမများတွင် ရေကြီးရေ လျှံ မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း အငှားယာဉ်မောင်းများ၏ ပြောကြား မှု များအရ သိရသည်။

“မိုးရွာတာက ရေများများပါတဲ့အတွက်ကြောင့် လမ်းတွေမှာ ရေ ကြီး၊ ရေလျှံမှုဖြစ် တာ မြန် တယ်။ ရေ ကလမ်းသွယ်တွေမှာဆိုရင် ဒူးစစ်ကျော်တယ်။ လမ်းမကြီးဆိုရင် ခါးလောက်တောင် ရောက်တယ်။ အချို့လမ်းတွေမှာ အိမ်ထဲတောင်ဝင်တဲ့အတွက် ဈေးဆိုင်တွေ အစောကြီးပိတ်ပြီး ရေတွေခပ် ထုတ် နေ ကြတယ်” ဟု ကျောက်မြောင်း တွင်နေထိုင်သူ ဦးမောင်ဆွေက ပြောကြားသည်။

ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပါက ရေနုတ်မြောင်း အများစုတွင် အမှိုက်များ ပိတ်ဆို့လျက်ရှိသည့် အတွက် လမ်းမကြီးများတွင် ရေကြီးမှု များ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်အတွင်းရှိ လမ်းသွယ်များတွင်လည်း အိမ်များအတွင်းသို့ ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။


မေ ၁၈ ရက် ညနေပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေ သည်ကို တွေ့ရစဉ်
“ဒီညနေပိုင်း ၄ နာရီကျော်ကနေစပြီး မိုးကစရွာတာ ၉ နာရီကျော်လောက်ထိပဲ။ မိုးက သည်းသည်း မည်းမည်း ရွာတော့ ရေမြောင်းတွေလည်း အကုန်ရေလျှံပြီး လမ်းတွေမှာ ရေတွေပြည့်နေလို့ ကားတွေ လည်း ရေ၀င်ပြီး မောင်းမရတော့ဘူး။ ခရီးသည်တင်ကားတွေ ပျက်ကုန်တော့ ခရီးသည်တွေလည်း မိုးရေတွေနဲ့ မှတ်တိုင်တွေမှာ ဒီအတိုင်းပဲ။ တက္ကစီတွေကလည်း တားလို့မရဘူး။ ည ၈ နာရီခွဲလောက်မှာ ရန်ကင်းကြားမှတ်တိုင်မှာ ရေတွေတအားကြီးပြီး ၀ါယာရှော့ဖြစ်လို့ မီးပျက်သွားတာကိုလည်း မြင်ခဲ့ရတယ်” ဟု ဘတ်စ်ကားစီး ခရီးသည်တစ်ဦးက ပြောကြားသည်။

အနောက်တောင် မုတ်သုံလေသည် မေ ၁၇ ရက်ကတည်းက မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက် ခဲ့ခြင်းဖြစ်ကာ ယင်းမှတစ်ဆင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ ဆက်လက်ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

“မုတ်သုံက လွန်ခဲ့တဲ့ ၂၄ နာရီကတည်းက မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ၀င်ရောက်နေတာပါ။ အခုက မြစ်ဝကျွန်းပေါ်ဒေသတွေကို ဆက်လက်ဝင်ရောက်နေတဲ့အတွက် ရန်ကုန်မှာ မိုးသည်းထန်စွာ ရွာ သွန်း မှုတွေ ဖြစ်ပေါ်နေခြင်းဖြစ်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောကြားခဲ့သည်။ 


မေ ၁၈ ရက် ညနေပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေ သည်ကို တွေ့ရစဉ်
“အရှေ့တောင်အာရှရဲ့ home of monsoon လို့ခေါ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မုတ်သုံလေအင်အားက နည်းနေပြီးတော့ မိုးရွာသွန်းမှုတွေ လျော့နည်းနေတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံရဲ့ မုတ်သုံကလည်း အခြေအနေ မကောင်းနိုင်တဲ့အတွက် လိုအပ်သလို ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ ပြောချင်ပါတယ်” ဟု မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင် ကပြောကြားသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဇွန်လပထမပတ်မှ စတင်ကာ ၀င်ရောက် မည်ဖြစ်ပြီး အောက်တိုဘာ ပထမ ၁၀ ရက်ပတ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည် ဆုတ်ခွာသွား မည် ဖြစ်ကြောင်းကိုလည်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

Eleven Media Group

No comments:

Post a Comment