Monday 19 May 2014

သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွားရေး ဇုန်နှင့် ဆက်သွယ်နိုင်မည့် လမ်းလေးခုကို ယခုနှစ်ဖောက်လုပ်ရန် လျာထား

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း သန်လျင်-သီလ၀ါ-ဒဂုံ ဆိပ်ကမ်းလမ်းအပါအ၀င် သီလ၀ါ အထူးစီးပွားရေး ဇုန် ဆက်သွယ်နိုင်သည့် လမ်းလေးခုကို ဖောက်လုပ်ရန် လျာထားကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေအရ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွာရေးဇုန်အား ဆက်သွယ်နိုင်မည့် သန်လျင်-သီလ၀ါလမ်းမကြီး၊ သန်လျင်-သီလ၀ါ-ပါဒကြီး(အောက်)လမ်း၊ ပါဒကြီး-သီလ၀ါ လမ်း စသည်တို့ကို ဖောက်လုပ်သွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းမှ သီလ၀ါသို့သွားရာ လမ်းကြောင်းပေါ်တွင် ပါဝင်သည်ဟုဆိုသည့် ပုဇွန်တော င်-ဒေါပုံ လမ်းပေါ်ရှိ သာကေတတံတားကိုလည်း အသစ်တစ်စင်း ထပ်မံတည်ဆောက်ရန် ရည်မှန်းထား သည်ဟု သိရသည်။

သီလ၀ါ အထူးစီပွားရေးဇုန်သည် မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးတည်ဆောက်မည့် စီမံကိန်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စီးပွားဖြစ် လည်ပတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း လည်ပတ်မည့် စက်ရုံများကို ယခုမေလအတွင်း ရွေးချယ်သွားမည်ဖြစ်ပြီး သီလ၀ါစက်မှုဇုန်အား ဂျပန်-မြန်မာပူးပေါင်း၍ ရေလုံလောက်စွာ ပေးဝေနိုင်ရန် စီစဉ်နေပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကလည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်း မှလည်း တစ်နေ့ရေဂါလန် ၁၀ သန်းပေးဝေရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment