Monday 19 May 2014

ချင်းပြည်နယ်ရှိ သယံဇာတများ အရပ်ဘက် အဖွဲ့အစည်းများ လေ့လာသွားမည်

မြွေတောင်၊ ဖားတောင် ကြေးနီစီမံကိန်းအပါအ၀င် ချင်းပြည်နယ် သယံဇာတအရေးကိစ္စများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကို အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ မေလ ၁၆နှင့် ၁၇ရက်တို့ တွင် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးထားသော ဖြစ်စဉ် အလိုက် ဒေသတွင်း တွင် ပြန်လည်လေ့လာ သွားမည်ဟု ချင်းတောင် သဘာဝသယံဇာတလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကိုတာတွမ်က ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများတွင် ချင်းတောင်သဘာဝသယံဇာတလေ့လာစောင့် ကြည့်ရေးအဖွဲ့၊ ချင်း ကျောင်း သား သမဂ္ဂ၊ ချင်းလူမှုအသင်းအဖွဲ့၊ တီးတိန်လူငယ်များအသင်း၊ ချင်းတွင်း- တီးတိန်ကွန်ရက်၊ ဇိုဇွန်အဖွဲ့၊ ကရင်နီစိမ်းလန်းစိုပြေရေးအဖွဲ့၊ မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့တို့ပါဝင်ပြီး အဆိုပါ အဖွဲ့များ လေ့ လာ ထားသည့် နောက်ဆုံးရလဒ်များကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များနှင့် တွေ့ ဆုံဆွေးနွေး သွား မည်ဖြစ်ကာ စစ်တမ်းအနေဖြင့် သမ္မတထံသို့လည်း တင်မည်ဖြစ်သည်။

“သယံဇာတအရေးနဲ့ ပတ်သက်တဲ့ issue တွေကို မီဒီယာစာမျက်နှာပေါ်မှာ ရေးသားရုံ၊statement ထုတ်နေရုံနဲ့ သယံဇာတပြဿနာတွေက ပြေလည်သွားမှာမဟုတ်ဘူး။ အရပ်ဘက်အဖွဲ့အစည်းနဲ့ အစိုးရ တိုက်ရိုက်တွေ့ပြီး ပူးပေါင်းအဖြေရှာမှ တစ်ခုခုဖြစ်လာမယ်လို့ထင်တယ်” ဟု ကိုတာတွမ်က ပြောသည်။

လက်ရှိ ဆွေးနွေးချက်ရလဒ်များမှာ အကြမ်းဖျင်းအခြေအနေသာရှိပြီး ပြည်သူလူထုကို အသိပညာပေး ရန်သာ လုပ်ဆောင်နေသည့်အဆင့်ဖြစ်သည်ဟု ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများသည် ၂၀၁၃ ခုနှစ်တွင် မြွေတောင်၊ ဖားတောင် စီမံကိန်းအပါအ၀င် ချင်းပြည်နယ် တွင်း သယံဇာတအရေးကိစ္စများနှင့် ပတ်သက်၍ ငါးကြိမ်ခန့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစိုးရထံ သို့ တင်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment