Monday 10 February 2014

သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ၀င်ရောက်လာနိုင်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ဦးစွာဝင်ရောက်လာနိုင်ဟု ဂျပန်ဘက်က ခန့်မှန်းထား

Photo: သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ၀င်ရောက်လာနိုင်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ဦးစွာဝင်ရောက်လာနိုင်ဟု ဂျပန်ဘက်က ခန့်မှန်းထား
Monday, February 10, 2014

၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်မည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ စီးပွားရေးဌာနမှ သံမှူး Mr. Hideaki MATSUO ကဆိုသည်။

“သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က)ကို ၂ဝ၁၅ မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်ဟာ အချိန်တိုအတွင်း တိုးတက်လာမယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးက တိုင်းပြည်အသီးသီးက ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်လိုလုပ်ငန်းမျိုးအနေနဲ့ ဝင်လာဖို့ကို သတ်မှတ်တာမျိုး မရှိပါဘူး” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးစီမံကိန်း ဖွင့်လှစ်ပြီးပါက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်ရင်းနှီး မြှုပ်နှံလာနိုင်သည်ဟု ဂျပန်နိုင်ငံက ခန့်မှန်းထားကြောင်း Mr.Hideaki MATSUO က ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ joint လုပ်ထားတာဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးတွေပဲ ဝင်လာပါဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ရှပ်အင်္ကျီဖိနပ်တွေ စတာတွေကနေ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (က)ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့က စတင်ဖွင့်လှစ် တည်ဆောက်ခဲ့ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းအထိ မြှုပ်နှံခွင့် ရသော်လည်း အစိုးရသို့ ၁ဝ ရာခိုင်နှုန်း ပေးအပ်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများအတွက် ရှယ်ယာရောင်းချရာတွင် ၄၁ ရာခိုင်နှုန်းသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံမည့် ထိပ်တန်းနိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သုံးသပ်ထားသည်။

“ထားဝယ်အထူးစီးပွားရေးဇုန် ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရက ဝင်ရောက်ရင်းနှီးမြှုပ်နှံပေးဖို့ ဂျပန်ဘက်ကို အကူအညီ တောင်းခံထားပါတယ်။ ဒီထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်ပါမလား မပါဘူးလားဆိုတာ ထိုင်း၊ မြန်မာ၊ ဂျပန်အစိုးရတို့ ဆွေးနွေးနေကြပါတယ်။ အာဆီယံတိုင်းပြည်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ထားဝယ်ဆိပ်ကမ်းဟာ တကယ့်ကို အရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။ အဓိကပြဿနာက ထားဝယ်ဒေသက အရမ်းကို ကြီးမားနေပါတယ်။ သီလဝါထက် ၁ဝ ဆလောက် ကြီးပါတယ်။ အခုကတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကို အဓိက အာရုံထားနေပါတယ်။ ၂ဝ၁၅ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပြီးသွားရင် တခြားတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင်တော့ ထားဝယ်ဘက်ကို လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။ အခုလောလောဆယ်မှာတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကိုပဲ ဦးတည်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး စီးပွားရေးဌာနမှ သံမှူး Mr.Hideaki MATSUO က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြားသား သီးသန့်လုပ်ကိုင်သော လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရသော လုပ်ငန်းများသို့ ထုတ်ပေးခဲ့သည့် ပါမစ်စုစုပေါင်း ၁၁၈ ခုရှိကြောင်း၊ ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများထဲတွင် စီးကရက်ထုတ်လုပ်သည့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ကားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ အိုင်တီဝန်ဆောင်မှုလုပ်ငန်း၊ ဝါးအချောထည်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေနေရာအား တွေ့ရစဉ်

Eleven Media Group
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေနေရာအား တွေ့ရစဉ်
၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်မည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ စီးပွားရေးဌာနမှ သံမှူး Mr. Hideaki MATSUO ကဆိုသည်။


“သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က)ကို ၂ဝ၁၅ မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေး ဇုန်ဟာ အချိန်တိုအတွင်း တိုးတက်လာမယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးက တိုင်းပြည်အသီးသီးက ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်လိုလုပ်ငန်းမျိုး အနေနဲ့ ဝင်လာဖို့ကို သတ်မှတ်တာမျိုး မရှိပါဘူး” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးစီမံကိန်း ဖွင့်လှစ်ပြီးပါက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်ရင်းနှီး မြှုပ်နှံလာနိုင်သည်ဟု ဂျပန်နိုင်ငံက ခန့်မှန်း ထားကြောင်း Mr.Hideaki MATSUO က ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ joint လုပ်ထားတာဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးတွေပဲ ဝင်လာပါဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ရှပ်အင်္ကျီဖိနပ်တွေ စတာတွေကနေ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းများ အရင်ဆုံး ဝင်ရောက်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (က)ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့က စတင်ဖွင့်လှစ် တည်ဆောက်ခဲ့ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းအထိ မြှုပ်နှံခွင့် ရသော်လည်း အစိုးရသို့ ၁ဝ ရာခိုင်နှုန်း ပေးအပ်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများအတွက် ရှယ်ယာရောင်းချရာတွင် ၄၁ ရာခိုင်နှုန်းသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံမည့် ထိပ်တန်းနိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သုံးသပ်ထားသည်။

“ထားဝယ်အထူးစီးပွားရေးဇုန် ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရက ဝင်ရောက် ရင်းနှီးမြှုပ်နှံပေး ဖို့ ဂျပန်ဘက်ကို အကူအညီ တောင်းခံထားပါတယ်။ ဒီထားဝယ် အထူးစီးပွားရေး ဇုန်မှာ ဂျပန်ပါ မလား မပါဘူးလားဆိုတာ ထိုင်း၊ မြန်မာ၊ ဂျပန်အစိုးရတို့ ဆွေးနွေးနေကြပါတယ်။ အာဆီယံတိုင်းပြည်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ထားဝယ်ဆိပ်ကမ်းဟာ တကယ့်ကို အရေးပါတဲ့ ဆိပ်ကမ်း တစ်ခု ဖြစ်ပါတယ်။ အဓိကပြဿနာက ထားဝယ်ဒေသက အရမ်းကို ကြီးမားနေပါတယ်။ သီလဝါထက် ၁ဝ ဆလောက် ကြီးပါတယ်။ အခုကတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကို အဓိက အာရုံထားနေ ပါတယ်။ ၂ဝ၁၅ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပြီးသွားရင် တခြားတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင်တော့ ထားဝယ်ဘက်ကို လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။ အခုလောလော ဆယ်မှာတော့ ၂ဝ၁၅ မှာ သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ဖို့ကိုပဲ ဦးတည်ထားပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး စီးပွားရေးဌာနမှ သံမှူး Mr.Hideaki MATSUO က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား သား သီးသန့်လုပ်ကိုင်သော လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရသော လုပ်ငန်း များသို့ ထုတ်ပေးခဲ့သည့် ပါမစ်စုစုပေါင်း ၁၁၈ ခုရှိကြောင်း၊ ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ ထဲတွင် စီးကရက်ထုတ်လုပ်သည့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ကားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက် ကုန်လုပ်ငန်း၊ အိုင်တီဝန်ဆောင်မှုလုပ်ငန်း၊ ဝါးအချောထည်လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment