Monday 10 February 2014

ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် အပျော်စီး ရွက်လှေမီးလောင်ပေါက်ကွဲမှုဖြစ်ပွား

PhotoPhoto
ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ် ၊ကျွန်းမဲ အနီး ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် (၃)ထပ် အပျော်စီး ရွက်လှေ တစ်စီး ဖေဖေါ်ဝါရီ ၉ ရက် ၊နံနက် (၁) နာရီ ခန့် ကပင်လယ်ပြင် အတွင်း ရေယာဉ်စက်ခန်း အတွင်း မှ မီးလောင်ပေါက်ကွဲ နှစ်မြုပ်မှု တစ်ခုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီပိုင်MV -BLUESTARအမည်ရှိစက်တပ် အပျော်စီး ရွက်လှေ တစ်စီးသည် မြန်မာနိုင်ငံ ကျွန်းများ သို့နိုင်ငံခြား ဧည့်သည် များတင်ဆောင်၍ ရေငုတ် အပျော်ခရီးစဉ်ထွက်ခွာလာစဉ် ကော့သောင်းမြို့နယ် အပိုင် ၊ကျွန်းမဲ အနီး လဒ်တီ ကျူ့ 11.922 ဒီဂရီ ၊ လောင်ဂျီတွဒ် 93.39 ဒီဂရီ အကြား ပင်လယ်ပြင်တွင် သင်္ဘော ဒုတိယအထပ် အိမ်သာမှတဆင့် ရေယာဉ်စက်ခန်း အတွင်းသို့ ရေစိမ့်ကျ ရာမှ ၀ါယာလျှော့ဖြစ် ကာ အင်ဂျင်ထိန်းချုပ် သည့် အီလစ်ထရွန်နစ် ကွန်ပျူတာ ကွန်ထရိုးစနစ်များ ချို့ယွင်းသွားကာ အင်ဂျင်အားထိန်းချုပ် မရတော့သဖြင့် မီးစတင်လောင်ကျွမ်း ရာ ပင်လယ်အတွင်း ငါးဖမ်း နေသည့် တ၀-၀၅၃ အဏ္ဏ၀ါ-၁ ၀ါလပ် လှေ ၏အကူအညီဖြင့် ကယ်ဆယ်ခဲ့ကြပြီး အဆိုပါ ရွက်လှေ မှာမီးလောင်ပေါက် ကွဲနှစ်မြုတ်သွားခြင်းဖြစ်သည်။

အဆိုပါ အပျော်စီးရွက်လှေ ပေါ်တွင် ဖင်လန်နိုင်ငံသား (၁၈)ဦး ၊ ဂျာမဏီ(၃)ဦး ၊ ဆွက်ဇာလန်(၃)ဦး ၊ ၾသစေတ်လ် (၁)ဦး ၊ အင်္ဂလန်(၁)ဦး ၊ တိုင်းသင်္ဘောသား (၆)ဦး နှင့် မြန်မာနိုင်ငံသား (၁)ဦး ၊ ပေါင်း (၃၃)ဦး သည် မိမိတို့၏ PASSPORT များနှင့် အတူ ဖေဖေါ်ဝါရီ ၉ ရက် ညနေ(၃)နာရီ တွင် ကော့သောင်းမြို့ သို့ကယ်ဆယ်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ လိုအပ်သည်များကိုကူညီဆောင်ရွက် ပေးပြီး ညနေ(၄း၄၀)နာရီတွင် ထိုင်းနိုင်ငံ ရနောင်းမြို့ သို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment