Monday 10 February 2014

အဒီဘာယော၏ သွင်းဂိုးဖြင့် အဲဗာတန်ကို အနိုင်ရခဲ့သည့် တော့တင်ဟမ်

Photo: အဒီဘာယော၏ သွင်းဂိုးဖြင့် အဲဗာတန်ကို အနိုင်ရခဲ့သည့် တော့တင်ဟမ်
Monday, February 10, 2014 

ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) တော့တင်ဟမ်နှင့် အဲဗာတန် ပွဲစဉ်တွင် အိမ်ရှင်အသင်းက တိုက်စစ်မှူး အဒီဘာယော၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

တော့တင်ဟမ်တွင် လောရစ်၊ ဝေါ့ကား၊ ဒေါ်ဆန်၊ ဗာတိုဂျန်၊ ရို့စ်၊ လန်နွန်၊ ပေါ်လင်ဟို၊ ဘန်တာလပ်၊ အဲရစ်ဆန်၊ ဒမ်ဘီလီ၊ အဒီဘာယော တို့ ပွဲထွက်ပါဝင်ခဲ့သည်။

အဲဗာတန်တွင် ဟောင်းဝပ်၊ ကိုးလ်မန်း၊ ဘိန်းစ်၊ ဒစ္စတင်၊ ဂျဂီရယ်ကာ၊ ဘယ်ရီ၊ မက္ကာသီ၊ အော့စမန်၊ ပီးနား၊ မီရာလက်စ်၊ နေးစမစ်တို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၃ မိနစ်တွင် အဲဗာတန်မှ လီယွန်အော့စမန် တော့တင်ဟမ် နောက်ခံလူကို ကျော်ဖြတ်ပြီး ကန်သွင်းသည့် ဘောလုံးမှာ ဂိုးတိုင်ဘေး ကပ်ထွက်သွားခဲ့သည်။ ၇ မိနစ်တွင် အော့စမန်ကပင် မြေမကျဘော ကန်သွင်းရာ တော့တင်ဟမ် ဂိုးသမား လောရစ် ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။

၉ မိနစ်တွင် အော့စမန်က နောက်ထပ် အခွင့်အရေး ထပ်မံရရှိခဲ့ပြီး ထောင့်ကန်ဘောမှ ခေါင်းတိုက်သွင်းရာ တော့တင်ဟမ် ဂိုးသမားက ကာကွယ်ခဲ့ရသည်။ ၃၆ မိနစ်တွင် မီရာလက်စ်က ဒေါ်ဆန်ကို ကျော်ဖြတ်ပြီး အသင်းဖော်များကို မပေးဘဲ တိုက်ရိုက်ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ တော့တင်ဟမ် အတွက် တစ်လုံးတည်းသော ဂိုးကို ၆၅ မိနစ်တွင် အဒီဘာယောက ဘယ်ခြေဖြင့် ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် တော့တင်ဟမ်က အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲအပြီးတွင် အဲဗာတန်ကို အဒီဘာယော၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

Ref: Goal
Soccer Myanmar

No comments:

Post a Comment