Monday 10 February 2014

လုဒ်မယ်တော်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ အထူးအစီအစဉ်ဖြင့် အထူးရထားများ ပြေးဆွဲလျက်ရှိ

Photo: လုဒ်မယ်တော်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ အထူးအစီအစဉ်ဖြင့် အထူးရထားများ ပြေးဆွဲလျက်ရှိ
Monday, February 10, 2014 

နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ် ရာ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို (၁၁၂)ကြိမ်မြောက် အဖြစ်ပဲခူးတိုင်းဒေသကြီးညောင်လေးပင်
မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့သည်။ ယခု(၁၁၂)ကြိမ်မြောက် ပွဲတော်တွင် ယခင်နှစ်များနှင့်မတူ ဝေးလံ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ် ခရစ်ယာန်ဘာသာ ဝင်တိုင်းရင်းသားလူမျိုးများ ၉၀၀ ကျော်ခန့် လာရောက်ခဲ့ကြပြီး အခြားဒေသများမှလည်း လာရောက်ခဲ့ကြ သည်။

သို့ပါ၍ အထူးအစီအစဉ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနေရာဒေသများရှိ ခရစ်ယာန်
ဘာသာဝင်များ၊ လုဒ်မယ်တော်ပွဲတော်ရက်အတွင်း သွားလာရေးအဆင် ပြေချောမွေ့စေရန်အတွက် မြန်မာ့မီး
ရထားဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ(သွားလာ၊ စီးပွား)တိုင်း
တာဝန်ခံ(တိုင်းအမှတ် ၆/၇)ရန်ကုန် တိုင်းဒေသကြီးတို့၏ ကြီးကြပ် ဆောင်ရွက်မှုတို့ဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်မှ ခရစ်ယာန်ဘာသာဝင်များကို မြစ်ကြီးနား-ရန်ကုန်အထူးရထား ဖြင့်လည်း ကောင်း၊ ဖေဖော်ဝါရီ၆ရက် တွင် ရန်ကုန်- ညောင်လေးပင်အထူး ရထားဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ညောင်လေးပင်-ရန်ကုန် အထူးရထားများဖြင့်လည်းကောင်း ပြေးဆွဲခဲ့သကဲ့သို့ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်း ရန်ကုန်မြို့မှ မြစ်ကြီးနား မြို့သို့ အထူးရထားဖြင့် ဘုရားဖူးအပြန်ခရီးသွားများအတွက်အဆင် ပြေစေရန်အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယခင်နှစ် များက မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် အထူးရထား များပြေးဆွဲပေးခဲ့ ၍ အနယ်နယ်အရပ်ရပ်မှ လုဒ်မယ်တော်သခင်မ ဝတ်ပြုဆုတောင်းပွဲ ကျင်းပရေး ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များ နှင့်ဆုတောင်းပွဲလာ ခရစ်ယာန်ဘာသာ ဝင်ခရီးသွားများနှင့် ခရီးသွားပြည်သူများအဆင်ပြေ ချောမွေ့ကြောင်း နိုင်ငံတော်နှင့် မြန်မာ့မီးရထား ဝန်ကြီးဌာနနှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များကို အထူးကျေးဇူးတင် ဝမ်းသာ ပါကြောင်းနှင့် နောင်ကိုလည်း ယခုကဲ့သို့ အထူးရထားများ ပြေးဆွဲပေးနိုင်ပါရန် ဆန္ဒပြုပါကြောင်း ခရစ်ယာန်ဘာသာဝင်များက ရင်ဖွင့်စကားပြောကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ် ရာ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို (၁၁၂)ကြိမ်မြောက် အဖြစ်ပဲခူးတိုင်းဒေ သကြီးညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့သည်။ ယခု(၁၁၂)ကြိမ်မြောက် ပွဲတော်တွင် ယခင်နှစ်များနှင့်မတူ ဝေးလံ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ် ခရစ်ယာန်ဘာသာ ဝင်တိုင်းရင်းသားလူမျိုးများ ၉၀၀ ကျော်ခန့် လာရောက်ခဲ့ကြပြီး အခြားဒေသများမှလည်း လာရောက်ခဲ့ကြ သည်။


သို့ပါ၍ အထူးအစီအစဉ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနေရာဒေသများရှိ ခရစ်ယာန်
ဘာသာဝင်များ၊ လုဒ်မယ်တော်ပွဲတော်ရက်အတွင်း သွားလာရေးအဆင် ပြေချောမွေ့စေရန်အတွက် မြန်မာ့မီး ရထားဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ(သွားလာ၊ စီးပွား)တိုင်း တာဝန်ခံ(တိုင်းအမှတ် ၆/၇)ရန်ကုန် တိုင်းဒေသကြီးတို့၏ ကြီးကြပ် ဆောင်ရွက်မှုတို့ဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်မှ ခရစ်ယာန်ဘာသာဝင်များကို မြစ်ကြီးနား-ရန်ကုန်အထူးရထား ဖြင့်လည်း ကောင်း၊ ဖေဖော်ဝါရီ၆ရက် တွင် ရန်ကုန်- ညောင်လေးပင်အထူး ရထားဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ညောင်လေးပင်-ရန်ကုန် အထူးရထားများဖြင့် လည်းကောင်း ပြေးဆွဲခဲ့သကဲ့သို့ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်း ရန်ကုန်မြို့မှ မြစ်ကြီးနား မြို့သို့ အထူး ရထားဖြင့် ဘုရားဖူးအပြန်ခရီးသွားများအတွက်အဆင် ပြေစေရန်အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယခင်နှစ် များက မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် အထူးရထား များပြေးဆွဲပေးခဲ့ ၍ အနယ်နယ်အရပ်ရပ်မှ လုဒ်မယ်တော်သခင်မ ဝတ်ပြုဆုတောင်းပွဲ ကျင်းပရေး ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များ နှင့်ဆုတောင်းပွဲလာ ခရစ်ယာန်ဘာသာ ဝင်ခရီးသွားများနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့ကြောင်း နိုင်ငံတော်နှင့် မြန်မာ့မီးရထား ဝန်ကြီးဌာနနှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များကို အထူးကျေးဇူးတင် ဝမ်းသာ ပါကြောင်းနှင့် နောင်ကိုလည်း ယခုကဲ့သို့ အထူးရထားများ ပြေးဆွဲပေးနိုင်ပါရန် ဆန္ဒပြုပါကြောင်း ခရစ်ယာန်ဘာသာဝင်များက ရင်ဖွင့်စကားပြောကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment