Monday 10 February 2014

မန္တလေးတိုင်း ဒေသကြီးတွင် ၂ဝ၁၃ ခုနှစ်အတွင်း မီးလောင် ဆုံးရှုံးမှု ယခင်နှစ်ထက် ပိုမိုမြင့်မား

မန္တလေးတိုင်း ဒေသကြီးရှိ ခရိုင် ခုနစ် ခရိုင်အတွင်း ၂ဝ၁၂ ခုနှစ်တွင် ၁၆၄ ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငွေကျပ် ၁၆၇ ဒသမ ၃၃၅ သန်းခန့်နှင့် ၂ဝ၁၃ ခုနှစ်တွင် ၂၄၈ ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငွေကျပ် ၁၂၂၇ ဒသမ ၇၄၆ သန်း မီးလောင် ဆုံးရှုံးခဲ့ပြီး ၂ဝ၁၃
ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုသည် ယခင်နှစ်က မီးလောင်မှု အကြိမ်ထက် ၈၄ ကြိမ်ပိုများခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး မြင့်မားခဲ့သည်။ 

ယခင်နှစ်ထက် မီးလောင်မှု အကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုး မြင့်မား ခဲ့ရ ခြင်းမှာ မန္တလေးတိုင်း ဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွား ခဲ့ခြင်းကြောင့် မြင့်မားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေ သကြီး ဗဟိုမီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်း ၁၅ ကြိမ် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၂ ဒသမ ၂၁၆ သန်းခန့် ဆုံးရှုံးခဲ့သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် အနေအထားကို ကြည့်၍ ထောင်ဒဏ် သို့မဟုတ် ဒဏ်ကြေးငွေ ချမှတ်ခြင်းဖြစ်ရာ မီး ကြွင်းမီးကျန်၊ မီးဖို မီးမှ လောင်ကျွမ်းမှု ပိုများကြောင်း၊ မီးဘေး ကြိုတင်ကာကွယ်ရေး၊ သတိမူရေး ဟောပြောပွဲကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ စ၍ ဆောင် ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်စခန်းမှ သိရသည်။

မြ၀တီ

No comments:

Post a Comment