
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်၊ ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး ၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံသည်။
တွ့ဆုံပွဲတွင် တာဝန်ထမ်းဆောင် ချိန်အတွင်း မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့မှုများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ နိုင်ငံ တပ်မတော်များ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီးတို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင် များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment