Friday 13 December 2013

ဂျပန်က မြန်မာကို ယမ်းငွေ ၆၀ ဘီလီယံ ထပ်မံချေးငှားမယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် (Credit: ABC) 
 ဂျပန်-အာဆီယံ ​ညီလာခံအတွင်း ​မြန်မာနိုင်ငံကို ​ဂျပန်နိုင်ငံက ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၆၀ ​ချေး ဌားကြောင်း ​ဂျပန်ဝန်ကြီးချုပ်က ​ကြေညာဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ ​အခြေခံအဆောက်အဦး ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေမှာ ​ကူညီဖို့အတွက် ​ချေးဌား မှာ ​ဖြစ် ပါတယ်။

တိုကျိုမြို့မှာ ​ဒီကနေ့ ​ကျင်းပမယ့် ​ဂျပန်-အာဆီယံ ​ညီလာခံကို ​သမ္မတဦးသိန်းစိန်ကလည်း ​တက်ရောက် မှာဖြစ် ပါတယ်။

 မြန်မာနိုင်ငံရဲ့ ​ကျန်းမာရေးနဲ့ ​ဆေးပညာပိုင်းဆိုင်ရာမှာ ​ကူညီဖို့အတွက် ​ဂျပန်နဲ့ ​မြန်မာအကြား ​နှစ်နိုင်ငံ ​သဘောတူညီမှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးဖို့ ​ရှိပြီး ​လာမယ့် ​တနင်္ဂနွေနေ့လောက်မှာ ​လက်မှတ်ရေး ထိုးနိုင်တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မေလတုန်းက ​မြန်မာနိုင်ငံကို ​လည်ပတ်ခဲ့တဲ့ ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေဟာ ​မြန်မာနိုင်ငံကို ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၉၀ ​ချေးဌားမယ်လို့ ​ကတိပေးခဲ့ပြီး ​ခုတစ်ခါ ​ထပ်မံ ​ချေးဌား လိုက်တဲ့ အတွက် ​မြန်မာနိုင်ငံ ​စီးပွားရေးတိုးတက်ဖို့ ​ဂျပန်နိုင်ငံရဲ့ ​ကူညီမှုက ​ယမ်းငွေ ​၁၅၀ ​ဘီလီယံ ​ရှိလာမှာ ​ဖြစ်ပါ တယ်။

ဂျပန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံကို ​ခုလို ​မတန်တဆ ​အကူအညီတွေ ​ပေးနေတာဟာ ​မြန်မာစီးပွားရေးမှာ ​တရုတ်ချေဆန့်နေတာကို ​ချိန်ခွင့်သျှာညှိလိုတဲ့အတွက်နဲ့ ​ဂျပန်စီးပွားရေးတွေ ​မြန်မာပြည်ထဲ ​ဝင်နိုင်အောင် ​လုပ်ဆောင်တာလို့ ​သုံးသပ်နေကြပါတယ်။

ဂျပန်နိုင်ငံက ​ချေးဌားတဲ့ ​ငွေကြေးအများစုကို ​ရန်ကုန်မြို့ပြင်ရှိ ​သီလဝါအထူးစီးပွားရေးဇုံ ​စီမံကိန်းအတွက် ​အများဆုံး ​အသုံးပြုမှာဖြစ်ပြီး ​အဲဒီစီးပွားရေးဇုံမှာ ​ဂျပန်နိုင်ငံက ​ရင်းနှီးမြုပ်နှံမှုတွေ ​လုပ်ထားပါတယ်။

မြန်မာနိုင်ငံ ​စီးပွားရေးလုပ်ငန်းတွေအပြင် ​ဆေးရုံတွေတည်ဆောက်ပေးမှာဖြစ်သလို ​မြန်မာနိုင်ငံက ​ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ​သင်တန်းတွေ ​ပေးသွားဖို့ရှိသလို ​စိုက်ပျိုးရေးကဏ္ဍနဲ့ ​တိုင်းရင်းသားအရေးတွေမှာလည်း ​ကူညီလုပ်ဆောင်ဖို့ရှိတယ်လို့ ​ကျိုဒိုးသတင်းအရ ​သိရပါတယ်။

ဂျပန်နိုင်ငံက ​မြန်မာနိုင်ငံအပေါ် ​ထောက်ပံ့ကူညီမှုတွေ ​လုပ်နေသလို ​အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ​လာမယ့် ​ငါးနှစ်အတွင်း ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၃၀၀ ​ကူညီမယ်လို့ ​ကြေညာဖို့ရှိပါတယ်။

အာဆီယံဒေသတွင်း ​သဘာဝကပ်ဆိုးတွေရဲ့ ​ရန်ကို ​ကာကွယ်ထိန်းသိမ်းဖို့အတွက် ​အဓိက ​ကူညီပေး သွားဖို့ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment