Friday 13 December 2013

ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ

Photo: ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ 
Friday, December 13, 2013

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးသူတွေ သိသိသာသာများလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ကင်ဆာဂေါဖြစ်ပွားသူနှုန်းဟာ ၁၄သန်းကျော်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးသူ ၈ သန်းကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ခန့်မှန်းခြေအနေနဲ့ ကင်ဆာရောဂါတွေဟာ အမျိုးပေါင်း ၂၈မျိုးရှိပြီးတော့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံကနေ စစ်တမ်း ကောက်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ကင်ဆာရောဂါ ဖြစ်ပွားသူနှုန်းဟာ ၁၃သန်းနီးပါးရှိပါတယ်။

လူတွေအဖြစ်များဆုံး ကင်ဆာရောဂါအမျိုးစားကတော့ အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ၂၀၁၂ခုနှစ်အတွင်းမှာ ဖြစ်ပွားနှုန်း ၂ သန်း နီးပါး (၁.၈ သန်း) ရှိပါတယ်။ ပြီးတော့ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာကတော့ ဒုတိနဲ့ တတိယ အဖြစ်များဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ်။

အဲဒီထဲမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနဲ့ အစာအိမ်ကင်ဆါ ရောဂါတွေဟာ သေဆုံးမှုနှုန်းအများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်က အမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာရောဂါကတော့ သားအိမ်ကင်ဆာရောဂါဖြစ်ပြီး နှစ်စဉ် သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ငါးသိန်းကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

ABC Radio Australia
ကမ္ဘာပေါ်မှာ ​ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူတွေ ​သိသိသာသာများ လာ တယ် လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။
ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ကင်ဆာဂေါဖြစ်ပွားသူနှုန်းဟာ ​၁၄သန်းကျော်ရှိပြီး ​ကင်ဆာရောဂါကြော င့် ​သေဆုံးသူ ​၈ ​သန်းကျော်ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ထုတ်ပြန်ကြေညာချက်ထဲမှာ ​ဖော်ပြထား ပါ တယ်။

ခန့်မှန်းခြေအနေနဲ့ ​ကင်ဆာရောဂါတွေဟာ ​အမျိုးပေါင်း ​၂၈မျိုးရှိပြီးတော့ ​နိုင်ငံပေါင်း ​၁၈၄ ​နိုင်ငံကနေ ​စစ်တမ်း ​ကောက်ယူထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ပြီးခဲ့တဲ့ ​၂၀၀၈ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ဖြစ်ပွား သူနှုန်းဟာ ​၁၃သန်းနီးပါးရှိပါတယ်။

လူတွေအဖြစ်များဆုံး ​ကင်ဆာရောဂါအမျိုးစားကတော့ ​အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ​၂၀၁၂ခုနှစ်အတွင်း မှာ ​ဖြစ်ပွားနှုန်း ​၂ ​သန်း ​နီးပါး ​(၁.၈ ​သန်း) ​ရှိပါတယ်။ ​ပြီးတော့ ​ရင်သားကင်ဆာနဲ့ ​အူမကြီးကင်ဆာ ကတော့ ​ဒုတိနဲ့ ​တတိယ ​အဖြစ်များဆုံး ​ကင်ဆာရောဂါ ​ဖြစ်ပါတယ်။

အဲဒီထဲမှာ ​အဆုတ်ကင်ဆာ၊ ​အသည်းကင်ဆာနဲ့ ​အစာအိမ်ကင်ဆါ ​ရောဂါတွေဟာ ​သေဆုံးမှုနှုန်း အများ ဆုံး ​ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်က ​အမျိုးသမီးတွေ ​အဖြစ်အများဆုံး ​ကင်ဆာရောဂါကတော့ ​သားအိမ်ကင် ဆာရောဂါဖြစ်ပြီး ​နှစ် စဉ် ​သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ​ငါးသိန်းကျော်လောက်ရှိတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment