Friday 13 December 2013

ထောက်လှမ်းရေးများ၏ လုပ်ဆောင်မှုများ နိုင်ငံသား အခွင့်အရေး မထိခိုက်ရန် အရေးကြီးဟု ဦးရဲထွဋ်ဆို

Photo: ထောက်လှမ်းရေးများ၏ လုပ်ဆောင်မှုများ နိုင်ငံသား အခွင့်အရေး မထိခိုက်ရန် အရေးကြီးဟု ဦးရဲထွဋ်ဆို
Friday, December 13, 2013

နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန်ရှိ မရှိနှင့် လက်ရှိ ထောက်လှမ်းရေး တပ်ဖွဲ့များ၏ လုပ်ငန်းစဉ်များကို The Voice က ဦးရဲထွဋ်ထံ ဆက်သွယ် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က အမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန် ရှိ မရှိကို ဖြေကြားခြင်း မရှိဘဲ နိုင်ငံတိုင်းတွင် နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ ထားရှိရန် လိုအပ်ပြီး အဆိုပါ အဖွဲ့အစည်းက နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မထိခိုက်စေဘဲ နိုင်ငံတော် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။
“လက်ရှိ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတယ် ဆိုတာကတော့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ပြောလို့ မရပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထောက်လှမ်းရေး တပ်ဖွဲ့များသည် နိုင်ငံသားများ၏ မူလအခွင့်အရေးကို လေးစားရန် အရေးကြီးသည်ဟု ပြောဆိုသော်လည်း လွှတ်တော်တွင်း ဥပဒေပြုရေး တာဝန် ထမ်းဆောင်နေသည့် လွှတ်တော် ကိုယ်စားလှယ်များသည်ပင် အသေးစိတ် စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခံ နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
“အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထောက်လှမ်းရေးတွေက အမျိုးသား လုံခြုံရေး တိုင်းပြည်နှင့် နိုင်ငံသားတွေကို ကာကွယ်ရေးအတွက် မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကို ရန်သူ တွေလို ဖမ်းဆီး ဖော်ထုတ်ဖို့ အတွက်ပဲ အလုပ် လုပ်နေကြတယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်းဒီလိုပဲ” ဟု ဦးရဲထွန်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ အထူးသတင်းတပ်ဖွဲ့ ကဲ့သို့သော ထောက်လှမ်းရေး တပ်ဖွဲ့များသည် ၎င်းတို့ မသင်္ကာသည့် အတိုက်အခံ အချို့ကို လိမ်လည် လှည့်ဖျား၍ ဖမ်းဆီးခြင်း၊ အမှုနှင့် မသက်ဆိုင်သော သူများကိုပင် အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးနည်း မျိုးစုံဖြင့် နှိပ်စက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း အောင်သပြေ စစ်ကြောရေး စခန်းတွင် တစ်လအကြာ အစစ်ခံခဲ့ရဖူးသည့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည့် ဦးသံလွင်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က စာအုပ် မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား လုံခြုံရေးအတွက် အစိုးရ အနေနှင့် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကလည်း တပ်ဖွဲ့တစ်ခု အမြန်ဆုံး ပြန်လည် ဖွဲ့စည်းသင့်ကြောင်း အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံပါတီ ရာချီကို ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) များကို ဖွဲ့စည်းခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly
နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန်ရှိ မရှိနှင့် လက်ရှိ ထောက်လှမ်းရေး တပ်ဖွဲ့များ၏ လုပ်ငန်းစဉ်များကို The Voice က ဦးရဲထွဋ်ထံ ဆက် သွယ် မေးမြန်း ရာ ၎င်းက ယင်းသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က အမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန် ရှိမရှိကို ဖြေကြားခြင်းမရှိဘဲ နိုင်ငံတိုင်းတွင် နိုင်ငံတော်လုံခြုံရေးအတွက် အမျိုး သား ထောက် လှမ်းရေးတပ်ဖွဲ့ ထားရှိရန် လိုအပ်ပြီး အဆိုပါ အဖွဲ့အစည်းက နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မထိခိုက်စေဘဲ နိုင်ငံတော် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းသာ ပြန် လည် ဖြေကြား ခဲ့သည်။

“လက်ရှိ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတယ် ဆိုတာကတော့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ပြောလို့ မရပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထောက်လှမ်းရေး တပ်ဖွဲ့များသည် နိုင်ငံသားများ၏ မူလအခွင့်အရေးကို လေးစားရန် အရေးကြီးသည်ဟု ပြောဆိုသော်လည်း လွှတ်တော်တွင်း ဥပဒေပြုရေး တာဝန် ထမ်းဆောင်နေသည့် လွှတ်တော် ကိုယ်စားလှယ်များသည်ပင် အသေးစိတ် စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခံ နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြား သည်။
“အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထောက်လှမ်းရေးတွေက အမျိုးသား လုံခြုံရေး တိုင်းပြည်နှင့် နိုင်ငံသားတွေ ကို ကာကွယ်ရေးအတွက် မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကို ရန်သူ တွေလို ဖမ်းဆီး ဖော်ထုတ်ဖို့ အတွက်ပဲ အလုပ် လုပ်နေကြတယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်းဒီလိုပဲ” ဟု ဦးရဲထွန်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ အထူးသတင်းတပ်ဖွဲ့ ကဲ့သို့သော ထောက်လှမ်းရေး တပ်ဖွဲ့များသည် ၎င်းတို့ မသင်္ကာသည့် အတိုက်အခံ အချို့ကို လိမ်လည် လှည့်ဖျား၍ ဖမ်းဆီးခြင်း၊ အမှုနှင့် မသက်ဆိုင်သော သူများကိုပင် အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးနည်း မျိုးစုံဖြင့် နှိပ်စက် စစ်ဆေးခြင်း များ ပြုလုပ်ခဲ့ကြောင်း အောင်သပြေ စစ်ကြောရေး စခန်းတွင် တစ်လအကြာ အစစ်ခံခဲ့ရဖူး သည့် မြေအော က် နိုင် ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည့် ဦးသံလွင်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က စာအုပ် မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား လုံခြုံရေးအတွက် အစိုးရ အနေနှင့် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကလည်း တပ်ဖွဲ့တစ်ခု အမြန်ဆုံး ပြန်လည် ဖွဲ့စည်းသင့်ကြောင်း အဆို တင်သွင်းခဲ့ပြီး ယင်း အဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း က ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများနှင့် အတိုက်အခံပါတီ ရာချီကို ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များက ဝေဖန်ခဲ့ကြ သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) များကို ဖွဲ့စည်းခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment