![]() |
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bikram Singh တို့အား နယူးဒေလီမြို့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo:AFP) |
အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာခရီး ရောက်ရှိနေသော ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်
(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော်
အရာရှိ များနှင့်တွေ့ ဆုံ ကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်း
ဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏
ဖော်ပြချက်အရသိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသာမက လုံခြုံရေး ကိစ္စရပ်များ ကိုလည်း
ဆွေးနွေးခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံ ဖို့တ်ဝီလျံရှိ
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သို့ လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည်
အိန္ဒိယနိုင်ငံ ဂယာမြို့တွင် ကျင်းပမည့် Officers Train-ing Academy
ကျောင်းဆင်းပွဲ စစ်ရေြး ပ အခမ်းအနားတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာ ၁၀
ရက်က ထွက်ခွာသွားကြောင်း အစိုးရ သတင်းစာ များက ဖော်ပြခဲ့သည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယ
စစ်သံမှူးတို့ လိုက်ပါသွားခဲ့ကြောင်းသိရသည်။
အလားတူ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံရေတပ်ဆက်ဆံမှုများ
တိုးမြှင့်နိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး
သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ဇူလိုင်က အလည်အပတ် သွားရောက်ခဲ့ပြီး
ခရီးစဉ်အတွင်း မြန်မာ့ရေတပ် အဆင့်မြှင့်တင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံက
ရေတပ် လက်နက် များ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံမှ တပ်မတော်အရာရှိကြီးများ အိန္ဒိယနိုင်ငံသို့
နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး
သွားရောက်လည်ပတ်မှုများရှိသလို အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး
Bikram Singh သည်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာလက
လာရောက်လည်ပတ် ခဲ့သည်။
၎င်းင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်လည်း
တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယ တပ်မတော်မှ မြန်မာ့ တပ်မတော် သို့
လေ့ကျင့်ရေးသင်ထောက်ကူ CDR & INFCOTT ဆော့ဝဲလ်ကို
လွှဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် အိန္ဒိယနှင့်
နှစ်နိုင်ငံနယ်စပ်ရေပိုင်နက် များ ထိစပ်လျက်ရှိသော တစ်ခုတည်းသော
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နယူးဒေလီသည် မြန်မာ့တပ်မတော်ကို
လေ့ကျင့်ပေးခြင်း၊ လက်နက် ပစ္စည်းများ တပ်ဆင်ပေးခြင်းအစရှိသည့်
တပ်မတော်စွမ်းရည်တိုးမြှင့်နိုင်ရေးလုပ်ငန်းများကို အကူအညီပေးလျက်ရှိသည်။
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရာတွင်
ရေကြောင်းကင်းလှည့်လေယာဉ်နှင့် စက်သေနတ်တပ်လှေများမှစ၍ ၁၀၅ မမ
အပေါ့စားအမြောက်သေနတ်များ၊ လက်ပစ်ဗုံးလောင်ချာနှင့် ရိုင်ဖယ်များစသည်ထိ
ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့စစ်သင်္ဘောများတွင် တပ်ဆင်ရန် အတွက်
ရေဒါ ကဲ့သို့သော အီလက်ထရွန်နစ်စစ်ပစ္စည်းများကိုလည်း အိန္ဒိယနိုင်ငံမှ
အကူအညီပေးလျက် ရှိကြောင်း သိရသည်။အိန္ဒိယသည် တရုတ်နိုင်ငံ၏ အင်အားကို
ထိန်းညှိနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် သံတမန်ရေး၊ စစ်ရေး၊
စီးပွားရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်လျက်ရှိပြီး
အိန္ဒိယနှင့်မြန် မာနှစ်နိုင်ငံ နယ်နိမိတ်ထိစပ်မှုသည် ၁၆၄၅ ကီလိုမီတာရှိသည်။
Eleven Media Group
No comments:
Post a Comment