Friday 13 December 2013

ပရိဘောဂလုပ်ကိုင်နေသည့် အိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့ဝင်ဖမ်း

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ပရိဘောဂ လုပ်ငန်းလုပ်ကိုင်နေသော နေအိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့က ဒီဇင်ဘာ ၉ ရက်က ၀င်ရောက်ဖမ်းဆီးရာ သံသယရှိ တရားခံထွက်ပြေးသွားသဖြင့် ဥက္ကံမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်။
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ တောအုပ် ဦးခင်မောင်လေးနှင့်အဖွဲ့သည် ကျန်စစ်သားရပ်ကွက်၊ မြလေး လမ်း၊ အမှတ် (၇၅)နေ ဦးညီစိုးသည် ပရိဘောဂလုပ်ငန်း ကို တရားမ၀င်လုပ်ကိုင်နေကြောင်း သတင်း ရရှိခဲ့သဖြင့် ၀င်ရောက်ရှာဖွေရန် မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် စီစဉ်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က သတင်းဖော်ပြထားသည်။

ထိုအချိန်တွင် ဦးညီစိုး (၂၄)နှစ်မှာ ၎င်းအိမ်နှင့်ကပ်လျက် လူမရှိသည့် အမှတ် (၇၄)နေအိမ်ပေါ်နှင့် ခြံ ၀င်းထဲသို့ ကျွန်းသားပရိဘောဂ အပိုင်းအစများကို ရွှေ့ပြောင်းခဲ့သည်ဟု သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်းနေအိမ်သို့ ချက်ချင်းသွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်တွင် ကျွန်းခွဲသားများကို မတွေ့ရှိရသော်လည်း အမှတ် ၇၄ နေအိမ်ပေါ်နှင့် ခြံဝင်းထဲတွင် တန်ဖိုးကျပ် ၈၈၂၀၀ ဖိုးရှိ ကျွန်းသား ပရိဘောဂ အစိတ်အပိုင်း ၁၄၉ ချောင်း တန်ချိန် ၀ဒသမ ၁၄၇၀ တန်ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယင်းဖမ်းဆီးမှုတွင် တရားခံဟု သံသယရှိထားသူ ဦးညီစိုးမှာ ထွက်ပြေးတိမ်းရှောင်နေ၍ အရေးယူပေး ရန် သစ်တောအုပ် ဦးခင်မောင်လေးက အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထား သည်။

ယင်းတိုင်တန်းမှုကို ဥက္ကံနယ်မြေ ရဲစခန်းက (ပ)၂၆၇/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး သစ်တောဥပဒေပုဒ်မ ၄၃ (က)ဖြင့် အရေးယူရန် သံသယရှိခံထားသူ ဦးညီစိုးအား ရှာဖွေဖမ်းဆီးလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment