Friday 13 December 2013

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များအတွက် ဒီဇင်ဘာ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်မည်

လာလီဂါကလပ် ဗလင်စီယာအသင်းသည် လက်ရှိအချိန်တွင် အသင်း၏ဘဏ္ဍာ ရေးအခက်အခဲ များ ကြောင့် ပြည်ရင်းမြှုပ်နှံမှုများရယူရန် ဆန္ဒရှိနေကြောင်းသိရသည်။
ဗလင်စီယာအသင်း၏အဓိက ရှယ်ယာပိုင်ရှင်များဖြစ်သည့် Bankia ဘဏ် စီးပွားရေး လုပ်ငန်းရှင်များအုပ်စု အနေဖြင့် အသင်း၏ကြွေးမြီ အခက်အခဲများကြောင့် ရှယ်ယာများကိုရောင်းချရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့်လည်း စီးပွား ရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။ Bankia ဘဏ် စီးပွားရေးလုပ်ငန်းရှင်များ အုပ်စုသည် ကြွေးမြီပေါင်း ယူရို ၈၅ သန်းခန့်ရှိနေပြီး ဗလင်စီယာအသင်း အနေဖြင့် လည်း ကြွေးမြီ ယူရိုသန်း ၂၀၀ ခန့်ရှိနေရာ အသင်း၏ရှယ်ယာများကို နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ များထံ ရောင်းချလိုနေခြင်း ဖြစ်သည်။

Bankia ဘဏ် စီးပွားရေးလုပ်ငန်း ရှင်များအုပ်စု၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် ယခုကဲ့သို့ အသင်းအတွက် နိုင်ငံရပ်ခြားမှရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရခြင်းမှာ အသင်းအတွက် ဘဏ္ဍာရေး အခြေ အနေများ ပြေလည်စေရုံသာမကဘဲ ယနေ့ခေတ် အားကစားစီးပွားရေး လုပ်ငန်းတွင်တွင်ကျယ်နေ သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည့် ပုံစံမျိုးလည်းဖြစ်ကြောင်း ပါရှိခဲ့သည်။

သို့သော် ဗလင်စီယာအသင်းဥက္ကဋ္ဌ အမာဒီယိုဆယ်လ်ဗိုကမူ Bankia ဘဏ်စီးပွားရေးလုပ်ငန်းရှင်များ အုပ်စု အနေဖြင့် အသင်းကို အပြီးအပိုင်ရောင်းချ၍ မရကြောင်း ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့သည့် အသင်းရှယ်ယာပိုင်များ ဘုတ်အဖွဲ့အစည်းအဝေးတွင် သတိပေး ပြောကြားခဲ့သည်။ “Bankia က အသင်းပိုင်ရှင်တွေ မဟုတ်ပါဘူး။ သူတို့ဟာ အသင်းရဲ့ ရှယ်ယာရှင်တွေသာဖြစ်ပြီး ဘဏ္ဍာရေး အခက် အခဲရှိနေရင် ကျွန်တော်တို့ကို ပြောပြရမှာပါ။ ဒီအကြောင်းကို အခြားရှယ်ယာရှင်တွေနဲ့တိုင်ပင်ပြီး ဆုံး ဖြတ်လို့ ရတာပေါ့။ သူတို့အနေနဲ့ အသင်းကို ဘယ်သူ့ဆီကိုမှ ရောင်းချပိုင်ခွင့် မရှိပါဘူး” ဟု ဆယ်လ်ဗို က ပြောကြားခဲ့သည်။

၎င်းအနေဖြင့် အသင်းအတွက် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှုများ ရယူလိုခြင်းကို လက်ခံသော်လည်း စိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းစုများအနေဖြင့်လည်း အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုသာ ဖြစ်စေ လို ကြော င်း ဆယ်လ် ဗို က ဆက်လက် ပြောကြားသည်။

ဗလင်စီယာအသင်းသည် ယခင်က လာလီဂါတွင် ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့သော် လည်း နောက်ပိုင်းနှစ်များတွင် ရီးယဲလ်နှင့် ဘာစီလိုနာတို့၏ လွှမ်းမိုးမှုကြောင့် အခြေအနေယိုယွင်းလာ ခဲ့သည့် အခြားအသင်းများနည်းတူ အသင်း၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ ဘဏ္ဍာရေးအကျပ် အတည်းများနှင့် ရင်ဆိုင်လာခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်တွင်လည်း အသင်း၏ခြေစွမ်းမှာ တည်ငြိမ်မှု နည်းပြီး ရလဒ်ပိုင်းကောင်းမွန်မှုမရှိ ဖြစ်နေရသည်။

Mizzima - News in Burmese

No comments:

Post a Comment