Friday 13 December 2013

မြန်မာနိုင်ငံ၏ ပထမဆုံးအငြင်းပွားဖွယ် အသည်းအစားထိုး လှူဒါန်းမှုပြဿနာ ပြေလည်မှုမရသေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzI7ItNaQ2WtR8dkI2QjMkYDOmc9tvAcWbcNlgTRy6l3GAyOfw2K77Z1pEZll36XhpIyzWKGNYWFsMjDHZWUtAu_RuYLUAzRkI8kuPDkn9UWfZw8TAfv3UPXKYdGdJvzCSJB-csVGxSM/s1600/6.jpg
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့၊ ဘုရားနီးကျေးရွာနေ ကိုနိုင်ဦးက ကျောင်းကုန်းမြို့ ဧရာဝတီ ပဲသန့်စင်စက်နှင့် ဒါးကမြို့ ခိုင်မေတ္တာ ဆန်စက်ပိုင်ရှင် ကိုမောင် မောင်ယု(ခ)စဖို၏ အစ်ကို ဦးမောင် မောင်ဦးအား အိနိ္ဒယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မီဒန်တာဆေးရုံ၌ အသည်းတစ်ခြမ်း အစားထိုးလှူ ဒါန်းခဲ့ရာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် နစ်နာကြေး ကိစ္စများ အတွက် ဖြစ်ပေါ် လာသော ပြဿနာများ အား ဖြေရှင်းရာတွင် ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ အသည်းတစ်ခြမ်း လှူဒါန်းခဲ့သူ ကိုနိုင်ဦးသည် ပဲသန့် စင်စက်နှင့်ဆန်စက်ပိုင်ရှင် ကိုမောင် မောင်ယု၏ အလုပ်သမားတစ်ဦး ဖြစ်ပြီး အိမ်ထောင်သည် တစ်ဦး ဖြစ်ကာ၂၀၁၂ခုနှစ် ကုန်ပိုင်းလောက် တွင် အလုပ်ရှင်ကို မောင်မောင်ယု၏ အကြိမ်ကြိမ် အကူအညီတောင်း ခံမှုကြောင့်အားနာ၍ အမှန်တကယ် ပေးလှူလို စိတ်မရှိဘဲ ပိုင်ရှင်၏အစ်ကို အသည်းရောဂါဖြစ်ပွားနေသော ကိုမောင်မောင်ဦးအား အသည်းတစ်ခြမ်းပေးလှူခဲ့ခြင်းဖြစ် ကြောင်း၊ ရန်ကုန်မြို့ ၌ ဆေးစစ် ဆေးမှုများ ခံယူခဲ့ပြီးနောက် အိနိ္ဒယနိုင်ငံသို့ ဆေးဆက်စစ်ရန် ခေါ် ဆောင်ခံခဲ့ရကြောင်း၊ .. ဆေးစစ်ဆေးမှု များ အောင်မြင်ပြီး နယူးဒေလီရှိမီ ဒန်တာဆေးရုံ၌ ခွဲစိတ်ရန်ပြင်ဆင် ရာတွင် ဆေးရုံမှ ဘာတော်သနည်း ဟုမေးရာတွင် ယောက်ဖတော် ကြောင်းကို ကိုမောင်မောင်ယု၏ အစ်မဒေါ်နွဲ့နွဲ့ဝင်း (ခ) မိပုံ့နှင့် ကိုနိုင်ဦး တို့၏လက်မှတ်ဖြင့် လက်ထပ်စာချုပ်အတု လုပ်၍ပြခဲ့ရကြောင်း၊ အသည်းခွဲစိတ်လဲလှယ် ပြီးနောက် အဆိုပါ ဆေးရုံ၌တစ်လကျော် ဆေးဆက်ကုသခဲ့ရကြောင်း ကိုနိုင်ဦးက မြန်မာသံတော်ဆင့် သို့ပြောကြား သည်။

ဆေးရုံမှ ဆင်း၍ မြန်မာနိုင်ငံ သို့ ပြန်ရောက်ပြီး (၃)လခန့် အကြာတွင် ကျောင်းကုန်းရှိ ပဲသန့် စက်တွင် အလုပ်ကြမ်းများ ခိုင်းစေခဲ့ကြောင်း၊ စက်ပိုင်ရှင်က နှစ်သောင်း၊ သုံးသောင်း စသဖြင့်သာ အလီလီ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့် ရှောက်မှုများလည်း မလုပ်ပေးတော့ ကြောင်း၊ ဒိန်းဒေါင်း တစ်စီးဝယ်ပေး ပြီး မောင်းစေခဲ့သော်လည်း ၀မ်းဗိုက်ထဲမှ စူး၍အောင့်လာသဖြင့် ဆက်မမောင်း နိုင်တော့၍ ပိုင်ရှင်က ပြန်သိမ်းသွားခဲ့ကြောင်း၊ မိမိအား ၀ယ်ပေးထားသော နံပါတ် (၀၉- ၃၁၁၅၀၃၀၀) လက်ကိုင်ဖုန်းအား လည်းပိုင်ရှင်က ပြန်သိမ်းသွားကြောင်း၊ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသ ရန် ငွေလိုသောကြောင့် အကူ အညီတောင်းခံခဲ့ရာပိုင်ရှင်က အသည်း မလှူခင်တင်ရှိသော အကြွေးများနှင့် အလီလီပေးခဲ့သော ထောက်ပံ့ ကြေးများပေါင်းကာ သိန်း(၃၀)ကျော် ပြီဖြစ်သဖြင့် ထပ်မပေးနိုင်တော့ဟု ပြောဆိုကြောင်း ကိုနိုင်ဦးက ဆက် လက်ပြောဆိုသည်။

အဆိုပါ နစ်နာမှုများအား ကိုနိုင်ဦးက လူမှုကွန်ရက်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံလူ့အခွင့် အရေးကာကွယ်မြှင့် တင်သူများအဖွဲ့ HRDP၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တို့သို့ တင်ပြ အကူအညီတောင်းခံထားပြီး အဆင့်ဆင့်စစ်ဆေးခဲ့ရာ လွန်ခဲ့သည့် တစ်ပတ်က သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် သာပေါင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာပေါင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သာပေါင်းမြို့မ စခန်းမှူး၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှူး တို့ပါသော အဖွဲ့ နှင့်နှစ်ဖက်ညှိနှိုင်းခဲ့ရာ ကိုနိုင်ဦး တို့က နစ်နာကြေး ကျပ်သိန်း(၅၀၀)တောင်းသဖြင့် ပြေလည်မှုမရရှိ သေးကြောင်း စုံစမ်းသိရှိရသည်။

ဧရာဝတီ ပဲသန့်စင်စက်မှကို မောင်မောင်ယုအား ဆက်သွယ်မေး မြန်းခဲ့ရာအသည်းအား ကိုနိုင်ဦးက ကြည်ကြည်ဖြူဖြူ ပေးလှူခဲ့ခြင်းကြောင့် စတင်အလှူခံစဉ်က စက်မှ စာရေးကောင်လေးနှင့် (၂)ဦးဖြစ် ကြောင်း၊ စာရေးကောင်လေးမှာ ဘီသွေးဖြစ်သဖြင့် အိုသွေးဖြစ်သော ကိုနိုင်ဦးက လှူဒါန်းနိုင် ခဲ့ခြင်းဖြစ် ကြောင်း၊ ဆေးရုံမှပြန်ဆင်းလာပြီး နောက်ပိုင်း ကျန်းမာရေးစောင့် ရှောက်မှုများလုပ်ပေး ခဲ့ကြောင်း၊ ကိုနိုင်ဦးမှာ (၂)လုံး ထီလောင်းကစားသမားဖြစ်သဖြင့် ရေရှည်စောင့်ရှောက်ရန် ရည်ရွယ် ပြီးလိုအပ် သလောက်ငွေကြေးအား ထိန်းထိန်းသိမ်းသိမ်း ထုတ်ပေးခဲ့ရကြောင်း၊ပေးသမျှ မလောက်ဖြစ်နေကြောင်း၊ ၀ယ်ပေးသော ဒိန်းဒေါင်း ကို ကိုနိုင်ဦးကိုယ်တိုင် ရောင်းသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကို နိုင်ဦးက နစ်နာကြေးအဖြစ် သိန်း (၅၀၀) တောင်းခံခဲ့ပြီးမိမိတို့က ကျန်းမာလာသည်အထိ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ရာယခုအချိန် အထိ ပြေလည်မှု မရသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ဖုန်းနံပါတ် (၀၉၃၁၁၅၀၃၀၀) အား ဆက်သွယ်မေးမြန်းရာ ကို နိုင်ဦးဆီမှ ပြန်ဝယ်ထားခြင်းဖြစ် ကြောင်း အမျိုးသမီးတစ်ဦးကပြန် လည်ဖြေဆိုခဲ့သည်။

အသည်းအစားထိုး ခွဲစိတ်မှုများတွင် သွေးအုပ်စု တူရုံသာမက အသားစတစ်ရှူးများ တူညီခြင်းစသော အခြားအချက်များစွာ လိုအပ်သဖြင့် ဆေးစစ်ဆေးမှုများ အကြိမ် ကြိမ်ပြုလုပ်ရကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ဆေးပြီး ဗီဇာ၊ ပတ်စ်ပို့ များပြုလုပ်ကာ အိနိ္ဒယ၌လည်း ထပ်မံ စစ်ဆေးရသဖြင့် ပေးလှူသူ၏ သဘောတူညီ မှုများ လိုအပ်ကြောင်း၊ သဘောမတူပါက တစ်ဖက်နိုင်ငံသို့ပင် မရောက်နိုင်ကြောင်း၊ အိနိ္ဒယ နိုင်ငံ၌ အသည်းလဲလှယ်မည် ဆိုပါက အသည်းအပါအ၀င် ဆေးကုသစရိတ်မှာ မြန်မာကျပ်ငွေနှင့် တွက်ပါက ကျပ်သိန်း(၁၈၀၀)ခန့် ကုန်ကျနိုင်ကြောင်း၊ အသည်းအား အရောင်းအ၀ယ်ပြုလုပ်မည်ဆိုပါ က ရောင်းသူနှင့် ၀ယ်သူနှစ်ဦး စလုံး အပြစ်ရှိကြောင်း ဆေးပညာရှင် ဒေါက်တာသန်းထိုက်က မြန်မာ သံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper

No comments:

Post a Comment