Friday 13 December 2013

သီလ၀ါဆိပ်ကမ်းလျော်ကြေး လယ်တစ်ဧက ကျပ်သိန်း ၇၀ ဖြင့် ယာယီသဘောတူ

သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအတွင်းပါဝင်သည့် လယ်ယာမြေများ အတွက် လျော်ေ ကြး ငွေကို တစ် ဧက လျှင် ကျပ်သိန်း ၇၀ ပေးရန် နှစ်ဖက် ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဟု လယ်သမားများက မဇ္ဈိမ ကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။
ဆိပ်ကမ်းအာဏာပိုင်မှ လယ်ယာမြေတစ်ဧကလျှင် ကျပ်သိန်း ၆၀ ပေးလျော်ရန် ဈေးစတင်ဖွင့်ပေးပြီး လယ်သမားများက ကျပ်သိန်းနှစ်ရာအထိ ပေးရန် တောင်းဆိုခဲ့သော်လည်း ကျပ်သိန်း ၇၀ နောက်ဆုံး သတ်မှတ်ခဲ့သည်။

“တစ်ဧက သိန်း ၇၀ ဆို မကျေနပ်စမရာ မရှိပါဘူး”ဟု ရွှေပြည်သာရပ်ကွက်မှ မြေသိမ်းခံ လယ်သမား ဦး ဇော်မင်းလှိုင်က ဆိုသည်။ သို့သော် ယခုဈေးနှုန်းထက် ထပ်လျော့ရန် အစိုးရဘက်မှ တောင်းဆိုပါက လက်ခံမည်မဟုတ်ဟုလည်း တောင်သူများက ပြောသည်။

“အဲဒီလိုလျှော့ခိုင်းမယ်ဆိုရင်တော့ လယ်သမားတွေကလည်း လာပြီး ညှိနှိုင်းတော့မှာမဟုက်ဘူး၊ ကိုယ် စားလှယ်တွေလည်း လာစရာမလိုတော့ဘူး”ဟု ဦးဇော်မင်းလှိုင်က ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တာဝန်ယူ တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံ ကိန်းအတွင်းရှိ လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးနိုင်ရန် ဒီဇင်ဘာလ ၁၁ ရက်က မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးတွင် အသိမ်းခံလယ်သမားများနှင့် တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းပွဲတွင် ယ ခုကဲ့သို့ နှစ်ဖက် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“ပေးလျော်မယ့်အချိန်ကိုတော့ မပြောသေးဘူး၊ စီမံကိန်းကို ချက်ချင်း စလုပ်ချင်တာကြောင့် မြန်ြ မန်ပေး လျော် မယ်လို့ထင်တယ်” လယ်သမားခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် ယခုညှိနှိုင်းမှုရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ ပြီး အတည်ပြုချက်ရပါက ပြန်လည်အကြောင်းကြားမည်ဟု ပြောကြားခဲ့ကြောင်း လယ်သမားများက ဆို သည်။

“သီးနှံလျော်ကြေးလည်း မပါဘူး၊ အိမ်ဖိုးလည်း မပါဘူး၊ လယ်ဧကရှိသလောက်ရမယ်”ဟု လယ် သမား ခေါင်းေ ဆာ င် ဦးတင်အုန်းက ပြောသည်။

အစိုးရအနေဖြင့် လျော်ကြေးငွေများကို တစ်ကြိမ်ထဲပေးလျော်မည်ဖြစ်သော်လည်း ကျူးကျော် ၀င်ရောက် နေ ထိုင်သူများနှင့် လယ်ယာလုပ်ငန်းခွင်အတွင်း မှီခိုလုပ်ကိုင်နေသော လက်လုပ်လက်စား၊ လယ်စားရင်း ငှားသမားများအတွက် လျော်ကြေးပေးမည်မဟုတ်ကြောင်း ဆိပ်ကမ်းအာဏာပိုင် များက ပြော သည်ဟု လယ်သမားများက ပြောသည်။

လက်ရှိပေးလျော်မှုတွင် လယ်သမားစုစုပေါင်း ၁၈ ဦးရှိကာ လယ်မြေဧက ၁၀၈ ဧကအထိ ပေးလျော်ရ မည်ဖြစ်ပြီး ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းစတင်မည့် အကွက်အမှတ် ၂၅၊ ၂၆နှင့် ၃၀ ရှိ လယ်ယာ မြေများသာ ပေးလျော်သွားမည်ဖြစ်သည်။

မြန်မာဆိပ်ကမ်းအာဏာပိုင်က သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ် လာ ၂၀၅ သန်း ချေးငွေရယူပြီး တည်ဆောက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment