Friday 13 December 2013

ပြိုင်ဘက်များကို အနိုင် ကစားပြီး ရွှေရအောင် ယူမည်ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း နည်းပြ ပြောကြား

Photo: ပြိုင်ဘက်များကို အနိုင် ကစားပြီး ရွှေရအောင် ယူမည်ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း နည်းပြ ပြောကြား
Friday, December 13, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပြိုင်ဘက် အသင်းထိုင်းကို အနိုင် ကစားသွားမည် ဖြစ်ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် ဆီးဂိမ်း ချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကို အနိုင်ကစား၍ ရွှေတံဆိပ် ရယူမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဂျပန်လူမျိုး ကုမာရာက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒီဇင်ဘာ ၁ဝရက်က မန္တလာ သီရိ ကစားကွင်း၌ ပွဲဦးထွက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ အမျိုးသမီး အသင်းသည် ဖိလစ်ပိုင် အမျိုးသမီး အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တွင် မြန်မာ နည်းပြက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး အသင်း နည်းပြ ဖြစ်သူ ဂျပန်လူမျိုး ကုမာရာက ပြောကြားရာတွင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ၌ ဖိလစ်ပိုင် အသင်းနှင့် တွေ့ဆုံတိုင်း ပျမ်းမျှ သုံးဂိုး နှုန်း သွင်းယူ နိုင်ခဲ့ကြောင်း၊ ယခုပွဲတွင် ဖိလစ်ပိုင် အသင်း ကစားပုံ တိုးတက်လာပြီး မြန်မာ အသင်းမှာ ဂိုးသွင်းချင် စိတ်ဆန္ဒ ပြင်းပြနေ၍ အဆုံးသတ် အပိုင်းတွင် အားနည်း ခဲ့ကြောင်း၊ အုပ်စုပွဲစဉ်တွင် မက ဖိုင်နယ်ပွဲ၌လည်း လက်ရှိ ချန်ပီယံ ဗီယက်နမ်နှင့် တွေ့ဆုံပါက အနိုင် ကစားပြီး ရွှေတံဆိပ်ကို ရယူမှာ ဖြစ်ကြောင်း၊ ဗီယက်နမ်ကို မနိုင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုသော ကာလတစ်ခုကို ယခုချိုးဖျက်၍ အနိုင်ကစားမှာ ဖြစ်ကြောင်း၊ ရွှေတံဆိပ်ရအောင် ယူမည်ဆိုသော စိတ်ဓာတ်ဖြင့် မန္တလေးမြို့ကို လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်နည်းပြ ဆရာ ကုမာရာမှာ မြန်မာ အမျိုးသမီး အသင်းကို ၂ဝ၁၁ခုနှစ်မှ စတင်၍ တာဝန် ယူခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ သို့ ယှဉ်ပြိုင်ကစားခွင့် ရအောင် လုပ်ဆောင် ပေးနိုင် ခဲ့သော နည်းပြတစ်ဦး ဖြစ်သည်။

မြ၀တီ
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပြိုင်ဘက် အသင်းထိုင်းကို အနိုင် ကစားသွားမည် ဖြစ်ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် ဆီးဂိမ်း ချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကို အနိုင်ကစား၍ ရွှေတံဆိပ် ရယူမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဂျပန်လူမျိုး ကုမာရာက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဒီဇင်ဘာ ၁ဝရက်က မန္တလာ သီရိ ကစားကွင်း၌ ပွဲဦးထွက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ အမျိုးသမီး အသင်းသည် ဖိလစ်ပိုင် အမျိုးသမီး အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တွင် မြန်မာ နည်းပြက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး အသင်း နည်းပြ ဖြစ်သူ ဂျပန်လူမျိုး ကုမာရာက ပြောကြားရာတွင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ၌ ဖိလစ်ပိုင် အသင်းနှင့် တွေ့ဆုံတိုင်း ပျမ်းမျှ သုံးဂိုး နှုန်း သွင်းယူ နိုင်ခဲ့ကြောင်း၊ ယခုပွဲတွင် ဖိလစ်ပိုင် အသင်း ကစားပုံ တိုးတက်လာပြီး မြန်မာ အသင်းမှာ ဂိုးသွင်းချင် စိတ်ဆန္ဒ ပြင်းပြနေ၍ အဆုံးသတ် အပိုင်းတွင် အားနည်း ခဲ့ကြောင်း၊ အုပ်စုပွဲစဉ်တွင် မက ဖိုင်နယ်ပွဲ၌လည်း လက်ရှိ ချန်ပီယံ ဗီယက်နမ်နှင့် တွေ့ဆုံပါက အနိုင် ကစားပြီး ရွှေတံဆိပ်ကို ရယူမှာ ဖြစ်ကြောင်း၊ ဗီယက်နမ်ကို မနိုင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုသော ကာလတစ်ခုကို ယခုချိုးဖျက်၍ အနိုင်ကစားမှာ ဖြစ်ကြောင်း၊ ရွှေ တံဆိပ်ရအောင် ယူမည်ဆိုသော စိတ်ဓာတ်ဖြင့် မန္တလေးမြို့ကို လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်နည်းပြ ဆရာ ကုမာရာမှာ မြန်မာ အမျိုးသမီး အသင်းကို ၂ဝ၁၁ခုနှစ်မှ စတင်၍ တာဝန် ယူခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ သို့ ယှဉ်ပြိုင်ကစားခွင့် ရအောင် လုပ်ဆောင် ပေးနိုင် ခဲ့သော နည်းပြတစ်ဦး ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment