Tuesday 22 October 2013

ရခိုင်ပြည်သူ လူထု၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အပါအ၀င် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် တောင်းဆို

8.1.1
မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထား လမ်း စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် ရခိုင်ပါတီများနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ အရပ်ဘက် အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်း များက အောက်တိုဘာ ၂၁ ရက်က တောင်းဆိုချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းမှ ထုတ်ယူနေသည့် သဘာဝ သယံဇာတများအပေါ် ကိုယ်ပိုင်စီမံ ခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်သူ့သယံဇာတ အဖွဲ့မှ ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မြောက်ဦးမြို့ မြောက်ဦးဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ရခိုင်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်အမျိုးသားများ၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ဆန္ဒမပါဘဲ လျာထားလုပ်ကိုင် ဆောင် ရွက်နေသော စီမံကိန်းများမှာ လေးမြို့ရေအားလျှပ်စစ် စီမံကိန်း (မြောက်ဦးမြို့နယ်)၊ ကုလား တန်မြစ်ကြောင်း စီမံကိန်း၊ တိုက်တေနီယမ် ထုတ်လုပ်မှု စီမံကိန်း (မောင်တောမြို့နယ်)၊ နေပူတောင် စီမံကိန်း (တောင်ကုတ်မြို့နယ်)၊ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း များ (ကျောက်ဖြူမြို့နယ်)၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်း (မာန်အောင်မြို့နယ်)၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်း (သံတွဲမြို့နယ်)၊ အမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်း (အမ်းမြို့နယ်)၊ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ မဒေးကျွန်း ရွှေသဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသော ပြည်နယ် တစ်ခုဖြစ်ပြီး နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ အများဆုံး ရှာပေးနေသည့် ပြည်နယ် တစ်ခု ဖြစ်သော် လည်း ရခိုင်ပြည် နယ်သည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနှင့် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေသည်မှာ ရခိုင်ပြည်သူ တစ်ရပ်လုံးအတွက် ၀မ်းနည်းစရာ ဖြစ်နေကြောင်း အဆိုပါ တောင်းဆို ချက်တွင် ဖော်ပြ ထားသည်။

သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲခြင်း စီမံကိန်းများနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားမှုကြောင့် ဒေသအသီးသီးမှ ထိန်းသိမ်း အကျဉ်းချ ခံနေရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အဆောက်အအုံ အမွေအနှစ် နယ်မြေများကို UNESCO ၏ စံနှုန်းများနှင့်အညီ ထိန်းသိမ်းဖော်ထုတ် ကာကွယ်ပေးရန်နှင့်...

ထိုသို့ သယံဇာတ အများဆုံး ထုတ်ယူနိုင်သော ပြည်နယ်နှင့် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသော် လည်း နိုင်ငံတော်အစိုးရ အနေနှင့် ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ ရန်ကုန်မြို့နှင့် တူညီသော ဈေးနှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အပါအ၀င် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်ရှိအချိန်အထိ ထိရောက်သော လုပ်ဆောင်ပေးမှုများ မရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ လုပ်ဆောင်ပေးမှု မရှိခြင်းများ အတွက် နိုင်ငံတော် အစိုးရ အနေနှင့် အမြန်ဆုံး ဖြည့်ဆည်းပေးရန် လိုအပ်သော အချက်များအဖြစ် ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်ရှိ ကျေးလက်နှင့် မြို့ပြများတွင် ရန်ကုန်မြို့နှင့် တူညီသော ဈေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီသုံးစွဲခွင့် ပြုရန်နှင့် စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲရန်၊ ရခိုင်ပြည် သဘာဝ သယံဇာတ စီမံကိန်းများကို ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများက ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခိုင်အမာ ထည့်သွင်းပြဋ္ဌာန်းရန်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် မဖော်ဆောင် နိုင်သေးသရွေ့ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမည့် စီမံကိန်းများကို လုံးဝဆိုင်းငံ့ ထားရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
၎င်းအပြင် တပ်မတော်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီအချို့က ဒေသခံ ပြည်သူများ၏ လယ်ယာမြေများ သိမ်းဆည်းထားမှုများကို အမြန်ဆုံးပြန်ပေးရန်၊ လုပ်ဆောင်မည့် စီမံကိန်းများအတွက် စစ်မှန်သော FPIC, UNDRIP, SIA, EIA, HIA ရယူရန်နှင့် ယင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည့် ဥပဒေ တစ်ရပ်ကို တရားဝင် ပြဋ္ဌာန်းပေးရန်၊ သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲခြင်း စီမံကိန်းများနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားမှုကြောင့် ဒေသအသီးသီးမှ ထိန်းသိမ်း အကျဉ်းချ ခံနေရသူများကို အမြန်ဆုံး ပြန် လွှတ်ပေးရန်၊ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အဆောက်အအုံ အမွေအနှစ် နယ်မြေများကို UNESCO ၏ စံနှုန်းများနှင့်အညီ ထိန်းသိမ်းဖော်ထုတ် ကာကွယ်ပေးရန်နှင့် ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်ပြည်လုံးဆိုင်ရာ လူထု အစည်းအဝေး မှ တောင်း ဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များ၊ တောင်ကုတ် ရခိုင်လူမှုကွန်ရက်မှ သဘောထား ထုတ်ပြန် ချက်များ၊ ၂၀၁၂ နိုဝင်ဘာတွင် ပြုလုပ်သော ရခိုင်လူငယ်ဖိုရမ်မှ သဘောထား ထုတ်ပြန်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်ပေးရန် တောင်းဆို ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း ယခင် အစိုးရ အဆက်ဆက်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး အမည်ခံ စီမံကိန်းများမှ ရခိုင်ပြည်သူများ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှုများနှင့် နစ်နာဆုံးရှုံးမှုများ အပါအ၀င် ရခိုင်တောတောင် သဘာဝများနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးလာမှု တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Eleven

No comments:

Post a Comment