Tuesday 22 October 2013

ယာဉ်တိုက်မှု များပြားခြင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် မလုံလောက်ခြင်းက အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်

Photo: ယာဉ်တိုက်မှု များပြားခြင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် မလုံလောက်ခြင်းက အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်
Tuesday, October 22, 2013

ယာဉ်တိုက်မှုများပြားရခြင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားမလုံလောက်ခြင်း
ကလည်း အဓိက အကြောင်းအရာများ အနက် တစ်ခုပါဝင်နေကြောင်း သတင်းရရှိသည်။ လမ်းအသုံးပြုသူများ၊ လမ်းမကြီး၏ အချိုးနှင့် နှိုင်းယှဉ်ပါက ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ များစွာလိုအပ် နေသည့်အပြင် ယာဉ်တိုက်မှု
ဖြစ်စဉ်များကြောင့် နှစ်စဉ်လူဦးရေ ၂၅၀၀ ကျော် သေဆုံးလျက် ရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက အောက်
တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ် ရဲတပ်ဖွဲ့တွင် အင်အား ၃၄၁၃ ဦးရှိရမည် ဖြစ်သော်လည်း ယခုအချိန်တွင် ၅၉ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦးရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ဦးရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ''လမ်းအသုံးပြုတဲ့ သူတွေက စည်းကမ်း လိုက်နာမှုတွေ လျော့နည်းနေတဲ့ အတွက် နေ့စဉ်ယာဉ်တိုက်မှု၊ လူသေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်။ ပြည်သူလူထုတွေရဲ့ တစ်ဦးချင်း အသိတွေ ရှိဖို့လိုတယ်။ နေ့စဉ်ဖြစ်နေတဲ့ ယာဉ်ကြော ကျပ်တာတွေ ယာဉ်တိုက်မှု
ဖြစ်တာတွေကို လျော့ကျဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေး
က ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှူးကြီး ကျော်ထွေးက ''ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှု မရှိသေးဘူး။ ဖွဲ့စည်းပုံ အပြည့်အတိုင်း အင်အားရှိခဲ့ရင်လည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လူဦးရေ၊ လမ်းအသုံးပြု
သူတွေနဲ့ လမ်းမကြီးတွေရဲ့ အချိုးနဲ့ နှိုင်းယှဉ်ရင်တော့ တပ်ဖွဲ့ဝင်အင်အား အများကြီး လိုအပ်နေပါသေးတယ်'' ဟု ပြောကြားခဲ့သည်။ နေ့စဉ်ဖြစ်
ပွားနေသော ယာဉ်တိုက်မှု ဖြစ်စဉ်များ လျော့ကျစေရန် အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

''အခုယာဉ်တိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သူတွေက အသက် ၁၀ နှစ်
ကနေ ၄၀ ၀န်းကျင်တွေ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံမှာရှိတဲ့ အခန်းကဏ္ဍ အသီးသီးရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လျော့ကျနေပါတယ်။ ဒါ့အပြင် ပျက်စီးထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ဒီလိုသာ မဖြစ်ခဲ့
ဘူးဆိုရင် သေဆုံးခဲ့တဲ့ သူတွေရဲ့ တစ်ဦးချင်းရော၊ တစ်မိသားစုလုံးရော ဆုံးရှုံးခဲ့တဲ့ေ ငွရေးကြေးရေးတွေက လိုအပ်နေတဲ့ ပညာရေး၊ လူမှုရေးတွေမှာ အသုံးပြုလို့ ရပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

Eleven Media Group
ယာဉ်တိုက်မှုများပြားရခြင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားမလုံလောက်ခြင်းကလည်း အဓိက အကြောင်း အရာများအနက် တစ်ခုပါဝင်နေကြောင်း သတင်းရရှိသည်။
လမ်းအသုံးပြုသူများ၊ လမ်းမကြီး၏ အချိုးနှင့် နှိုင်းယှဉ်ပါက ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ များစွာ လိုအပ် နေသည့်အပြင် ယာဉ်တိုက်မှု ဖြစ် စဉ်များကြောင့် နှစ်စဉ်လူဦးရေ ၂၅၀၀ ကျော် သေဆုံးလျက် ရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ် ရဲတပ်ဖွဲ့တွင် အင်အား ၃၄၁၃ ဦးရှိရမည် ဖြစ်သော်လည်း ယခုအချိန်တွင် ၅၉ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ထံမှ သိရသည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦးရှိခဲ့ ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ဦးရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ''လမ်းအသုံးပြုတဲ့ သူတွေက စည်းကမ်း လိုက်နာမှုတွေ လျော့နည်းနေတဲ့ အတွက် နေ့စဉ်ယာဉ်တိုက်မှု၊ လူသေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်။ ပြည်သူလူထုတွေရဲ့ တစ်ဦး ချင်း အသိတွေ ရှိဖို့လိုတယ်။ နေ့စဉ်ဖြစ်နေတဲ့ ယာဉ်ကြော ကျပ်တာတွေ ယာဉ်တိုက်မှုဖြစ်တာတွေ ကို လျော့ကျဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေး က ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှူးကြီး ကျော်ထွေးက ''ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှု မရှိသေးဘူး။ ဖွဲ့စည်းပုံ အပြည့်အတိုင်း အင်အားရှိခဲ့ရင်လည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လူဦးရေ၊ လမ်းအသုံးပြုသူတွေနဲ့ လမ်းမကြီးတွေရဲ့ အချိုးနဲ့ နှိုင်းယှဉ်ရင်တော့ တပ်ဖွဲ့ဝင်အင်အား အများကြီး လိုအပ်နေပါသေးတယ်'' ဟု ပြောကြားခဲ့သည်။ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်တိုက်မှု ဖြစ်စဉ် များ လျော့ ကျစေရန် အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

''အခုယာဉ်တိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သူတွေက အသက် ၁၀ နှစ်ကနေ ၄၀ ၀န်းကျင်တွေ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံမှာရှိတဲ့ အခန်းကဏ္ဍ အသီးသီးရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လျော့ကျနေပါတယ်။ ဒါ့အပြင် ပျက်စီးထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ဒီလိုသာ မဖြစ်ခဲ့ ဘူးဆိုရင် သေဆုံးခဲ့တဲ့ သူတွေရဲ့ တစ်ဦးချင်းရော၊ တစ်မိသားစုလုံးရော ဆုံးရှုံးခဲ့တဲ့ေ ငွရေးကြေးရေးတွေက လိုအပ်နေတဲ့ ပညာရေး၊ လူမှုရေးတွေမှာ အသုံးပြုလို့ ရပါတယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment