Tuesday 22 October 2013

မျက်စိ အလင်းကွယ်နေသည့် တူနီးရှား အဖွားအို တစ်ဦး ဟဂ်ျခရီးစဉ်တွင် အလင်းပြန်ရ


၁၈ လကြာ မျက်စိအလင်းကွယ်နေသည့် တူနီးရှားအမျိုးသမီးတစ်ဦးမှာ ဟဂ်ျခရီးစဉ်အတွင်း သွားရောက် ရသောနေရာ တစ်ခုဖြစ်သည့် အာရာဖတ်ကွင်းပြင်တွင် မျက်စိအလင်းပြန်ရခဲ့သည်ဟုသိရသည်။
ထိုအမျိုးသမီးမှာ ကလေးငါးယောက်၏ မိခင် အသက် ၇၀ အရွယ်ရှိ နဖီဆာ အလ်-ကွာမာဇီဖြစ်ပြီး မက္ကာမြို့သို့လာ မျက်စိအလင်းကွယ်သူအဖြစ် လာရောက်ခဲ့သည့် သူမမှာ ယခုအခါ မျက်စိအလင်းပြန် ရသူဖြစ် တူနီးရှားသို့ ပြန်ရတော့မည်ဖြစ်သည်။

သူမမှာ လွန်ခဲသည့် ၁ နှစ်ခွဲကျော်က ပြင်းထန်စွာထိခိုက်မိသောကြောင့် မျက်စိအလင်းကွယ်ခဲ့ရခြင်းဖြစ်ပြီး၊ ဆိုးရွားစွာထိခိုက်ခဲ့ခြင်းနှင့် သူမ၏အသက်အရွယ်တို့ကြောင့် ကုသရန်မဖြစ်နိုင်ဟု ဆရာဝန်များက ပြော ကြား ခဲ့ သည်။

“အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှုရှိနေတဲ့အတွက် ကျွန်မဘယ်တုန်းကမှ မျှော်လင့်ချက်မပျောက်ခဲ့ပါဘူး။ မျက်စိအလင်းပြန်ရဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တစ်ချိန်လုံး ကျွန်မ ဆုတောင်းနေခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ထို့နောက် အာရာဖတ်ကွင်းပြင်သို့သွားရောက်၍ အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ တောင်းဆုပြုရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည့် ကွာမာဇီက

“အလ္လာဟ်အရှင်မြတ်က ကျွန်မရဲ့တောင်းဆုပြုမှုတွေအတွက် စိတ်ပျက်ခြင်းမရှိခဲ့ပါဘူး။ အာရာဖတ် ကွင်းပြင် မှာ ကျွန်မ ဆုတောင်းလိုက်တဲ့အခါ ချက်ချင်းပဲ ကျွန်မရဲ့မျက်စိက အလင်းပြန်ရခဲ့ပါတယ်။

အလင်းပြရန်ခဲ့တဲ့အတွက် ပျော်လွန်းလို့ တဲထဲမှာ ငိုကြွေးနေတဲ့ကျွန်မကို အခြား ဟဂ်ျဘုရားဖူး ဧည့်သည်တွေ မြင်တဲ့အခါ အားလုံးက ‘အလ္လာဟု အက္ကဘရ်’ (အလ္လာဟ်အရှင်မြတ်သာလျှင် အမြင့်မြတ် ဆုံးဖြစ်တော်မူ၏) လို့ ဟစ်အော် ကြွေးကြော်ခဲ့ကြပါတယ်” ဟု သူမ၏ မျက်စိအလင်းပြန်ရခဲ့ပုံ ကို ပြော ကြား ခဲ့ သည်။

ထို့နောက် တူနီးရှားမှ မက္ကာမြို့သို့လာရောက်စဉ် မက္ကာနှင့် မဒီနာမြို့များရှိ ထွဋ်မြတ်သော နေရာများ ကို မြင်တွေ့ချင်သည့် အိပ်မက်တစ်ခုအား ရင်ဝယ်ပိုက်၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သူမကပြော ကြား ခဲ့ သည်။

“အလ္လာဟ်အရှင်မြတ်ကို ကျွန်မကျေးဇူးတင်ပါတယ်။ အခုတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကျွန် မလျှောက်ကြည့်နိုင် ပါပြီ” ဟု သူမကဆိုခဲ့ပြီး၊ အာရာဖတ်ကွင်းပြင်တွင် မြောက်များစွာသော ဘုရားဖူး ဧည့်သည် များကို တွေ့မြင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကဲ့သို့မြင်ကွင်းမျိုးကို သူမ အနေဖြင့် တွေ့မြင် လိမ့်မည်ဟု မမျှော်လင့်ထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

“ကမ္ဘာ့ပေါ်က အမြင့်မြတ်ဆုံးနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ ကျွန်မမျက်စိ အ လင်းပြန် ရခဲ့ ပါတယ်ရှင်”

Ref: Saudi Gazette and M Media

No comments:

Post a Comment