Tuesday 22 October 2013

အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များအား မုဒိမ်းမှု ကျူးလွန်သူ များကို တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေး ဥပဒေကြမ်း အပေါ် ဆွေးနွေးရန် မသင့်ဟု ပြည်သူ့လွှတ်တော်ဆုံးဖြတ်

Photo: အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များအား မုဒိမ်းမှု ကျူးလွန်သူ များကို တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေး ဥပဒေကြမ်း အပေါ် ဆွေးနွေးရန် မသင့်ဟု ပြည်သူ့လွှတ်တော်ဆုံးဖြတ်
Tuesday, October 22, 2013

အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေး ပါဝင်သည့် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့သော်လည်း အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဦးသိန်းညွန့်က အဆိုပါ ဥပဒေကြမ်း တင်သွင်းရာတွင် ပြီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းတွင် ကလေးသူငယ် မုဒိမ်းမှုများသည် ၂၀၁၂-၂၀၁၃ တွင် ၈၈ မှု ရှိကြောင်း၊ ၁၃၅ မှုတွင် ကလေးသူငယ် များအား ကျူးလွန်မှုသည် ထက်ဝက်ကျော်ကြောင်း၊ အဆိုပါ အချက်အလက်များအရ အဆိုပါ ကလေးသူငယ် မုဒိန်းမှုများသည် မိမိတို့ လူ့အဖွဲ့အစည်းကို များစွာခြိမ်းခြောက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မုဒိမ်းပြုကျင့်ခံရသည့် ကလေးငယ် တစ်ဦးမှာ ဘ၀တစ်လျှောက် စိတ်ဓာတ်ထိခိုက်ပြီး အသက်ရှင်လျက် သေသည့်ဘ၀မျိုး ရောက်ရှိသွားကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းသည် ယခုကဲ့သို့ ဖြစ်စဉ်များကို ခွင့်ပြုသည့် လူအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း၊ အခုတင်ပြသည့် အချက်များအရ ယခုဥပဒေကြမ်းကို တင်သွင်းသင့်ပြီဟု ယူဆ၍ တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် သတ်မှတ်သည့် ပြစ်ဒဏ်များသည် အခြေအနေ များနှင့် မကိုက်ပါက အထူးဥပဒေအဖြစ် ပြင်ဆင်သတ်မှတ်လေ့ ရှိကြောင်း၊ ယခုကလေးသူငယ် ဥပဒေပြဋ္ဌာန်းသည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလက်ရှိကာလ အခြေအနေများနှင့် မကိုက်ညီတော့ကြောင်း၊ ယခုကဲ့သို့ ထိရောက်သော ပြစ်ဒဏ်များအား သတ်မှတ် အရေးယူစေမည် ဆိုပါက ကလေးသူငယ်များ၏ အနာဂတ်ကို လုံခြုံအောင် အကာအကွယ် ပေးနိုင်မည် ဟု ယူဆကြောင်း၊ ပြစ်မှုဥပဒေ ၃၇၆ တွင် မလုံလောက်သည်ကို ကလေးသူ ငယ် အထူးဥပဒေတွင် ပြင်ဆင်ဆောင်ရွက် ရမည့်အချိန် ရောက်ပြီဟု ရိုးသားစွာ ယုံကြည်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

အလားတူ ဒလမြို့နယ်တွင် မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များပေးရန် ပြည်သူလူထုက ဆန္ဒဖော်ထုတ်ခြင်း၊ စာရေးဆရာ ရွှေကူမေနှင်းက မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ရေးသားထားမှု အချက်အလက်များအပြင် ပြည်သူများ၏ ဆန္ဒမှာလည်း ကလေးသူငယ် မုဒိမ်းသမားများကို ပြင်းထန်သော ပြစ်ဒဏ်ပေးရန် လိုလားကြောင်း ထည့်သွင်း ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က ယခုပြစ်ဒဏ်များကို ကလေးသူငယ် ဥပဒေတွင် ထည့်သွင်းရန် မသင့်ကြောင်း သုံးသပ်ခဲ့သည်။

ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက သုံးသပ်ရာတွင် တည်ဆဲရာဇသတ်ကြီး တွင် မုဒိမ်းမှု တရားခံကို ပုဒ်မ ၃၇၆ အရ တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ ကလေးသူငယ် ဥပဒေတွင် ပြစ်ဒဏ်များ ဖြည့်စွက်မည် ဆိုပါက ထပ်နေမည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို တစ်သက် တစ်ကျွန်းဒဏ် ချမှတ်နိုင်သည်ဖြစ်ရာ ပြစ်မှုကျူးလွန်သူကို သေဒဏ်မချမှတ် နိုင်ခြင်းသည် အဆိုပါ ပြစ်မှုများ များပြားလာရခြင်း အဓိက အကြောင်းရင်းခံ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများ၌ စီရင်ပိုင်ခွင့်ရှိသော တရားရုံးက သေဒဏ်အမိန့် ချမှတ်ခြင်းများ ရှိသော်လည်း သေဒဏ်ချမှတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း မရှိသည့် ယနေ့အခြေအနေ တွင် ယခုတင်သွင်းသည့် သေဒဏ်ချမှတ်ခွင့်ကို ဖြည့်စွက်ရန် သင့်၊ မသင့် စဉ်းစားသင့်ကြောင်း၊ သုံးသပ်ပြောကြားသည်။

ထို့နောက် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၉ ဦးသာ ရှိသဖြင့် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင် လက်ခံဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

Eleven Media Group

အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းစဉ်
အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းစဉ်
အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေးပါဝင်သည့် ကလေးသူငယ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့သော်လည်း အဆိုပါ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဦးသိန်းညွန့်က အဆိုပါ ဥပဒေကြမ်း တင်သွင်းရာတွင် ပြီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းတွင် ကလေးသူငယ် မုဒိမ်းမှုများသည် ၂၀၁၂-၂၀၁၃ တွင် ၈၈ မှု ရှိကြောင်း၊ ၁၃၅ မှုတွင် ကလေးသူငယ် များအား ကျူးလွန်မှုသည် ထက်ဝက်ကျော်ကြောင်း၊ အဆိုပါ အချက်အလက်များအရ အဆိုပါ ကလေး သူငယ် မုဒိန်းမှုများသည် မိမိတို့ လူ့အဖွဲ့အစည်းကို များစွာခြိမ်းခြောက်သည့် အဆင့်သို့ ရောက်ရှိနေ ပြီ ဖြစ်ကြောင်း၊ မုဒိမ်းပြုကျင့်ခံရသည့် ကလေးငယ် တစ်ဦးမှာ ဘ၀တစ်လျှောက် စိတ်ဓာတ်ထိခိုက်ပြီး အသက်ရှင်လျက် သေသည့်ဘ၀မျိုး ရောက်ရှိသွားကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းသည် ယခုကဲ့သို့ ဖြစ်စဉ် များကို ခွင့်ပြုသည့် လူအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း၊ အခုတင်ပြသည့် အချက်များအရ ယခုဥပဒေကြမ်းကို တင်သွင်းသင့်ပြီဟု ယူဆ၍ တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် သတ်မှတ်သည့် ပြစ်ဒဏ်များသည် အခြေအနေ များနှင့် မကိုက်ပါက အထူး ဥပဒေအဖြစ် ပြင်ဆင်သတ်မှတ်လေ့ ရှိကြောင်း၊ ယခုကလေးသူငယ် ဥပဒေပြဋ္ဌာန်းသည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလက်ရှိကာလ အခြေအနေများနှင့် မကိုက်ညီတော့ကြောင်း၊ ယခုကဲ့သို့ ထိရောက်သော ပြစ်ဒဏ်များအား သတ်မှတ် အရေးယူစေမည် ဆိုပါက ကလေးသူငယ်များ၏ အနာဂတ်ကို လုံခြုံအောင် အကာအကွယ် ပေးနိုင်မည် ဟု ယူဆကြောင်း၊ ပြစ်မှုဥပဒေ ၃၇၆ တွင် မလုံလောက်သည်ကို ကလေးသူ ငယ် အထူးဥပဒေတွင် ပြင်ဆင်ဆောင်ရွက် ရမည့်အချိန် ရောက်ပြီဟု ရိုးသားစွာ ယုံကြည်ေ ကြာင်း ဦးသိန်းညွန့်က ဆိုသည်။

အလားတူ ဒလမြို့နယ်တွင် မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များပေး ရန် ပြည်သူ လူထုက ဆန္ဒဖော်ထုတ်ခြင်း၊ စာရေးဆရာ ရွှေကူမေနှင်းက မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေး ရန် ရေးသားထားမှု အချက်အလက်များအပြင် ပြည်သူများ၏ ဆန္ဒမှာလည်း ကလေးသူငယ် မုဒိမ်းသမား များကို ပြင်းထန်သော ပြစ်ဒဏ်ပေးရန် လိုလားကြောင်း ထည့်သွင်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က ယခုပြစ်ဒဏ်များကို ကလေးသူငယ် ဥပဒေတွင် ထည့်သွင်းရန် မသင့်ကြောင်း သုံးသပ်ခဲ့သည်။

ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက သုံးသပ်ရာတွင် တည်ဆဲရာဇသတ်ကြီး တွင် မုဒိမ်းမှု တရားခံကို ပုဒ်မ ၃၇၆ အရ တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ ကလေးသူငယ် ဥပဒေတွင် ပြစ်ဒဏ်များ ဖြည့်စွက်မည် ဆိုပါက ထပ်နေမည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို တစ်သက် တစ်ကျွန်းဒဏ် ချမှတ်နိုင်သည်ဖြစ် ရာ ပြစ်မှု ကျူးလွန်သူကို သေဒဏ်မချမှတ် နိုင်ခြင်းသည် အဆိုပါ ပြစ်မှုများ များပြားလာရခြင်း အဓိက အကြောင်း ရင်းခံ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများ၌ စီရင်ပိုင်ခွင့်ရှိသော တရားရုံး က သေဒဏ်အမိန့် ချမှတ်ခြင်းများ ရှိသော်လည်း သေဒဏ်ချမှတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း မရှိသည့် ယနေ့အခြေအနေ တွင် ယခုတင်သွင်းသည့် သေဒဏ်ချမှတ်ခွင့်ကို ဖြည့်စွက်ရန် သင့်၊ မသင့် စဉ်းစား သင့်ကြောင်း၊ သုံးသပ်ပြောကြားသည်။

ထို့နောက် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၉ ဦးသာ ရှိသဖြင့် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင် လက်ခံဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment