Tuesday 22 October 2013

ဦးနှောက်ကို လန်းဆန်းစေနိုင်သည့် အိပ်ရေး၀၀ အိပ်စက်ခြင်း

ညဘက် အိပ်ရေး၀၀အိပ်ပျော်ခြင်းဟာ ဦးနှောက်ကို လန်းဆန်းစေပြီး အိပ်စက်ခြင်းနဲ့ လူရဲ့ ဦးနှောက်ဟာ အလိုအလျောက် ဆေးကြောခြင်း ပြုလုပ်နိုင်ကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိ ခဲ့ပါတယ်။ တွေ့ ရှိချက်အသစ်အရ လူ့ရဲ့ဦးနှောက်ဟာ အိပ်ပျော်နေချိန်အတွင်းမှာ ဦးနှောက်အတွင်း အဆိပ်အတောက် များကို လျော့နည်းစေကြောင်း တွေ့ရပြီး အလိုအလျောက် ရှင်းလင်းပေး နေတာကို တွေ့ရတာပဲဖြစ်ပါတယ်။

လူတွေ နိုးထနေချိန်မှာ ဦးနှောက်အတွင်း အာရုံကြောများမှ ထုတ်လုပ်တဲ့ ဓာတ်သတ္တိများရှိပြီး အလွန် အမင်း ထုတ်လွှတ်ပါက အဲလ်ဇိုင်းမားလို ရောဂါမျိုးကို ဖြစ်ပွားစေပါတယ်။ အဆိုပါ ဓာတ်သတ္တိများကို အိပ်ပျော်နေချိန်မှာ ဦးနှောက်မှ အလိုအလျောက် ရှင်းလင်းပေးတာကြောင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းက ဦးနှောက်ကို လန်းဆန်းစေတာပဲ ဖြစ်ပါတယ်။

အခုလို အိပ်ပျော်နေချိန်မှာ ဦးနှောက်တွင်း သန့်ရှင်းမှု ၁၀ ခေါက်အထိ ပြုလုပ်နိုင်စွမ်းရှိတယ်လို့ သိရပြီး ဦးနှောက် ဆဲလ်များက ၆၀ရာခိုင်နှုန်းအထိ ရှုံ့ကြမှုလျော့နည်းသွားတယ်လို့လည်း သိရှိရပါတယ်။ ဒါကြောင့် သိပ္ပံ ပညာရှင် များက အိပ်ရေး၀၀ အိပ်စက်ခြင်းဟာ တစ်နေ့တာ ထုတ်လွှတ် ထားတဲ့ ဦးနှောက်အတွင်း ရှုပ်ထွေးမှုတွေကို ရှင်းလင်းပစ်နိုင်ကြောင်း ဖော်ပြခဲ့တယ်လို့ သိရှိရပါတယ်။

MRTV-4

No comments:

Post a Comment