Tuesday 22 October 2013

သံတွဲမှာ မုဒိမ်းမှု ကျူးလွန်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးကို ထောင် ၁၅နှစ်ချ

သံတွဲမှာ ပထမ တစ်ကြိမ် ဖြစ်ခဲ့တဲ့ မီးရှို့မှုတွေရဲ့ တရားခံလို့ ဆိုရ မယ့် တောင်ကုတ်မြို့က ရခိုင်အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကမန် နှစ်ဦးကို ထောင် ၁၅ နှစ်စီ ချခံရန် မနေ့က စီရင်ချက် ချလိုက်ပါတယ်။အဲဒီနှစ်ဦးဟာ ကမန်အမည်ခံထားပေမယ့် ကမန်အစစ်လား လုပ်ကမန်လား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါ။

ဆိုင်ကယ် ကယ်ရီသမားငပြူးဆိုတဲ့ ကမန်ဟာ တောင်ကုတ်မြို့ခံ ရခိုင်အမျိုးသမီးကို သံတွဲ ကနေ တောင် ကုတ် သို့ ပို့ပေးမယ်ဆိုပြီးတော့ မပို့ပဲ မုဒိမ်းမှုကျူးလွန်ခဲ့တာပါ။

မုဒိမ်းမှု သုံးကြိမ်ထက်မနည်းကျူးလွန်ခဲ့တယ်လို့ ရဲအစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ မုဒိမ်းမှုတစ်ခု မှာတော့ သူနဲ့ ပြစ်ဒဏ်ချခံရ တဲ့ နောက်တစ်ဦး လည်း ပါဝင်ခဲ့တာပါ။

အဲဒီ မုဒိမ်းမှုတွေကို အခြေခံပြီးတော့ သံတွဲမှာ မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။

Rakhine Citizen Journalists

No comments:

Post a Comment