Tuesday 22 October 2013

ရေထွက်ကုန် အသေးစား အလတ်စား လုပ်ငန်းများနှင့် ဆက်နွှယ်နေသော အသင်းအဖွဲ့ ဖွဲ့စည်းသွားမည်

 Photo: ရေထွက်ကုန် အသေးစား အလတ်စား လုပ်ငန်းများနှင့် ဆက်နွှယ်နေသော အသင်းအဖွဲ့ ဖွဲ့စည်းသွားမည် 
Tuesday, October 22, 2013

ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နှင့် ငါးဆားနယ် စသည့် လုပ်ငန်းများနှင့် ဆက်နွှယ်နေသော SME အသေးစားနှင့် အလတ်စားလုပ်ငန်း အသင်းအဖွဲ့များ ဖွဲ့စည်း သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဟန်ထွန်း ထံက သိရသည်။ ယခင်က မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ လေးသောင်းကျော် ရှိခဲ့ရာမှ ယခုအခါတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၁၂၈၉၅၆ ခု အထိ ရှိလာကြောင်း သိရသည်။

ရေထွက်ပစ္စည်း လုပ်ငန်းများတွင်လည်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နှင့် ငါးဆားနယ် လုပ်ငန်းများမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''ဒီနိုင်ငံမှာ အရင်က အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေက လေးသောင်းကျော် လောက်ပဲ ရှိတာ။ ဒီနေ့ စာရင်းကောက်ချက် အရ လုပ်ငန်းပေါင်း ၁၂၈၉၅၆ ခု အထိ ရှိလာတယ်လို့ သိရတယ်။ အဲဒီ အထဲမှာ ရေထွက် ထုတ်ကုန်တွေရဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နဲ့ ငါးဆားနယ် စတဲ့ ရေထွက်ကုန် အသေးစား လုပ်ငန်းတွေရဲ့ စာရင်းတွေ ပါရဲ့လားတော့ မသိဘူး။ ဒါတွေလည်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်လို့ ပါဖို့လိုတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တခြားသော အိမ်နီးချင်း နိုင်ငံများတွင် ငါးနီတူငါးမှ ထုတ်ကုန်များစွာ ထုတ်လုပ်၍ ပြည်တွင်းတွင် သုံးစွဲ နေသကဲ့သို့ ပြည်ပ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ မြန်မာ နိုင်ငံတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ရန် လိုအပ်နေသည့် ရေထွက်ပစ္စည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် အသင်းအဖွဲ့ ဖွဲ့စည်း သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထက်နေ
မြ၀တီ
ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နှင့် ငါးဆားနယ် စသည့် လုပ်ငန်းများနှင့် ဆက်နွှယ်နေသော SME အသေးစားနှင့် အလတ်စားလုပ်ငန်း အသင်းအဖွဲ့များ ဖွဲ့စည်း သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဟန်ထွန်း ထံက သိရသည်။ ယခင်က မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ လေးသောင်းကျော် ရှိခဲ့ရာမှ ယခုအခါတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၁၂၈၉၅၆ ခု အထိ ရှိလာကြောင်း သိရသည်။ရေထွက်ပစ္စည်း လုပ်ငန်းများတွင်လည်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နှင့် ငါးဆားနယ် လုပ်ငန်း များမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

''ဒီနိုင်ငံမှာ အရင်က အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေက လေးသောင်းကျော် လောက်ပဲ ရှိတာ။ ဒီနေ့ စာရင်းကောက်ချက် အရ လုပ်ငန်းပေါင်း ၁၂၈၉၅၆ ခု အထိ ရှိလာတယ်လို့ သိရတယ်။ အဲဒီ အထဲမှာ ရေထွက် ထုတ်ကုန်တွေရဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်နဲ့ ငါးဆားနယ် စတဲ့ ရေထွက်ကုန် အသေးစား လုပ်ငန်းတွေရဲ့ စာရင်းတွေ ပါရဲ့လားတော့ မသိဘူး။ ဒါတွေလည်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်လို့ ပါဖို့လိုတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တခြားသော အိမ်နီးချင်း နိုင်ငံများတွင် ငါးနီတူငါးမှ ထုတ်ကုန်များစွာ ထုတ်လုပ်၍ ပြည်တွင်းတွင် သုံးစွဲ နေသကဲ့သို့ ပြည်ပ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ မြန်မာ နိုင်ငံတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ရန် လိုအပ်နေသည့် ရေထွက်ပစ္စည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် အသင်းအဖွဲ့ ဖွဲ့စည်း သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထက်နေ
မြ၀တီ

No comments:

Post a Comment