Tuesday 22 October 2013

အောက်တိုဘာ ပထမပတ် အထိ ယာဉ်အို ယာဉ်ဟောင်း မှတ်ပုံတင် ဖျက်သိမ်းမှု အစီးရေ ၁၁၁၇၉ဝ စီး ဆောင်ရွက်ပြီးစီး

ပြည်တွင်းရှိ သက်တမ်းကြာမြင့် နေပြီဖြစ်သော ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်းမှု တွင် အောက်တိုဘာ ပထမပတ်အထိ အစီးရေ ၁၁၁၇၉၀ စီး ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်း အပ်နှံပြီး နောက်ပိုင်းတွင် ယာဉ်သစ် ပြန်လည် သွင်းလာသူ များအနေဖြင့် ၁၉၉၈ မော်ဒယ်လ်မှ၂ဝဝ၈ မော်ဒယ်အထိသာ တင်သွင်းခွင့် ပြုကြောင်း၊ ယင်းကို ၂ဝ၁၄ ခုနှစ်တွင် သတ်မှတ်မည် ဖြစ်ပြီး အရောင်း စင်တာများ အနေဖြင့်လည်း ယာဉ်ဟောင်းများ အပ်နှံပြီး ယာဉ်အသစ် သွင်းယူရာတွင် ၂ဝဝဝ မော်ဒယ် ၂၀၀၈ မော်ဒယ်အထိသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်းနှင့် တစ်ဦးချင်း ဝယ်ယူပါက ၂ဝဝ၉ မော်ဒယယ် ၂၀၁၃ မော်ဒယ်အထိ ခွင့်ပြုကြောင်း သိရသည်။

ထိုသို့ အပ်နှံပြီးသော ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးတင်သွင်းခွင့်ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြား မှု ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ MFTB ဘဏ်နှင့် MICB ဘဏ်တို့ ပါဝင်သော ယာဉ်အို ယာဉ်ဟောင်းများ ပယ်ဖျက် အပ်နှံအစားထိုး လဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (One Stop Service(OSS)) ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် မော်တော်ယာဉ် အစားထိုး တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို ၂ဝ၁၁ ခုနှစ်အတွင်းက စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ပထမပတ် အထိ ယာဉ်အိုယာဉ်ဟောင်း မှတ်ပုံတင် ဖျက်သိမ်းမှု၌ လူစီး ၁ဝ၂၅၉၃ စီး၊ ကုန်တင်ယာဉ် ၆၈၄၇ စီးနှင့် ခရီးသည် တင်ယာဉ် ၂၃၅ဝ စီး ပြီးစီးခဲ့ကြောင်း၊ မော်တော်ယာဉ် အစားထိုး တင်သွင်းမှုနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ်တွင် စတင်ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး
မြ၀တီ

No comments:

Post a Comment