Tuesday 29 January 2013

ပညာရှင်ပါဝင်မှုကဏ္ဍတိုးမြှင့်၍ အမျိုးသမီးများအတွက် လုံလောက်သည့်အကာအကွယ်ရယူနိုင်

Photo: ပညာရှင်ပါဝင်မှုကဏ္ဍတိုးမြှင့်၍ အမျိုးသမီးများအတွက် လုံလောက်သည့်အကာအကွယ်ရယူနိုင်
Tuesday, 29 January 2013

အမျိုးသမီးများအတွက် ဥပဒေပြုမှုကဏ္ဍတွင် ဥပဒေရေးဆွဲရာ၌ အမျိုးသမီးဥပဒေပညာရှင်များ ပါဝင်မှုအားနည်းခြင်းကြောင့် လုံလောက်သော အကာအကွယ်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများ
ရှိနေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက သိရသည်။

“လူ့အဖွဲ့အစည်းတိုင်းမှာရှိတဲ့ မိရိုးဖလာအစွဲအလမ်းတွေ၊ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီးတော့ လက်ခံကျင့်သုံးမှု တွေကလည်းပဲ အမျိုးသမီးတွေကို ဥပဒေစနစ်ရဲ့ တရားမျှတမှုကို မရရှိအောင် တားဆီးတယ်၊ ပိတ်ပင်တယ်၊ ဒါ့ကြောင့် မညီမျှမှု တွေများနေတယ်။ အမျိုးသမီးတွေအတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံတိုင်းမှာ
ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မယ်ဆိုရင် မညီမျှမှုတွေဆိုတာ မရှိနိုင်တော့ဘူး” ဟု အငြိမ်းစားတရားသူကြီး ဒေါ်တင်တင်ရီက
ပြောသည်။      

မြန်မာအမျိုးသမီးများအနေဖြင့် အခွင့်အရေးနစ်နာဆုံးရှုံးမှုများပြား
နေရခြင်းမှာ ဥပဒေရေးဆွဲမှုပြုသူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး ဥပဒေရေးရာ၌ ပါဝင်ပတ်သက်နေသော တရားသူကြီး၊ ရှေ့နေ၊ ရဲစခန်းနှင့်
သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်များမှ အမျိုးသမီးများအတွက် လုံလောက်သော အကာ အကွယ် ဥပဒေစနစ်၊ အခွင့်အရေးနှင့်
ရပိုင်ခွင့်များစသည်များအား သိရှိနားလည်ရန် များစွာလိုအပ်လျှက်
ရှိကြောင်း ဥပဒေပညာရှင်ကြီးများက ထောက်ပြပြောဆိုသည်။  

“နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုခြင်းကဏ္ဍဟာ အမျိုးသမီးတွေရဲ့ဘ၀မှာ သက်ရောက်မှုမျိုးစုံ ပေးနိုင်ပါတယ်။ အဲ့ဒီနိုင်ငံရေးစနစ်ကောင်းရင် 
ကောင်းသလို၊ တရားရင်တရားသလို၊ မျှတရင် မျှတသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ပါတယ် ” ဟု ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

နိုင်ငံပေါင်းစုံ၏ ဥပဒေစနစ်များမှာ အမျိုးသမီးများအား
ဘေးထုတ်ထားခြင်းနှင့် ပထုတ်ထားခြင်း များအား တွေ့မြင်နိုင်ပြီး အမျိုးသမီးများသည် ဥပဒေစနစ်၏ အပြင်ဘက်(သို့မဟုတ်) 
အနောက်ဘက် တွင်သာ ပုန်းလျှိုး ကွယ်လျှိုးနှင့် နေထိုင်ကြရကာ ဥပဒေစနစ်၏ ကောင်းကျိုးချမ်းသာနှင့် တန်းတူ ညီမျှမှုများအား မခံစားရကြောင်း၊ နေထိုင်ရာလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးထုများသည် နည်းအမျိုးမျိုးဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အမြဲတမ်းခွဲခြား ဆက်ဆံ ခံနေရသည်ကို တွေ့ရှိရကြောင်းကိုလည်း ဥပဒေအသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြသည်။          

ပါကစ္စတန်၊ တူနီးရှားနှင့် ဂျော်ဒန်နိုင်ငံအစရှိသည့် ရှေးရိုးစဉ်လာ အယူသီးသောနိုင်ငံများသည်ပင် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှစ၍ ၄င်းတို့၏ မိသားစုဥပဒေများ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ဥပဒေများအား အထင်အရှား ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း ၊နီပေါနိုင်ငံတွင် ၁၉၉၀ခုနှစ်မှစ၍ ကျားမ ခွဲခြားမှု၊ ကွဲပြားမှုများအား အကြောင်းပြုကာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းမပြုရဆိုကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရှိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup
အမျိုးသမီးများအတွက် ဥပဒေပြုမှုကဏ္ဍတွင် ဥပဒေရေးဆွဲရာ၌ အမျိုးသမီး ဥပဒေပညာရှင်များ ပါဝင်မှုအားနည်းခြင်းကြောင့် လုံလောက်သော အကာအကွယ်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများ
ရှိနေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက သိရသည်။

“လူ့အဖွဲ့အစည်းတိုင်းမှာရှိတဲ့ မိရိုးဖလာအစွဲအလမ်းတွေ၊ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီးတော့ လက်ခံကျင့် သုံးမှု တွေကလည်းပဲ အမျိုးသမီးတွေကို ဥပဒေစနစ်ရဲ့တရားမျှတမှုကို မရရှိအောင် တားဆီးတယ်၊ ပိတ် ပင်တယ်၊ ဒါ့ကြောင့် မညီမျှမှု တွေများနေတယ်။ အမျိုးသမီးတွေအတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံတိုင်းမှာခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မယ်ဆိုရင် မညီမျှမှုတွေဆိုတာ မရှိနိုင်တော့ဘူး” ဟု အငြိမ်းစားတရားသူကြီး ဒေါ်တင်တင်ရီကပြောသည်။

မြန်မာအမျိုးသမီးများအနေဖြင့် အခွင့်အရေးနစ်နာဆုံးရှုံးမှုများပြားနေရခြင်းမှာ ဥပဒေရေးဆွဲမှုပြုသူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး ဥပဒေရေးရာ၌ ပါဝင်ပတ်သက်နေသော တရားသူကြီး၊ ရှေ့နေ၊ ရဲစခန်းနှင့်သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်များမှ အမျိုးသမီးများအတွက် လုံလောက်သောအကာ အကွယ်ဥပဒေစနစ်၊ အခွင့်အရေးနှင့်ရပိုင်ခွင့်များစသည်များအား သိရှိနားလည်ရန်များစွာလိုအပ်လျှက် ရှိကြောင်း ဥပဒေပညာရှင်ကြီးများက ထောက်ပြပြောဆိုသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုခြင်းကဏ္ဍဟာ အမျိုးသမီးတွေရဲ့ဘ၀မှာ သက်ရောက်မှုမျိုးစုံ ပေးနိုင်ပါတယ်။ အဲ့ဒီနိုင်ငံရေးစနစ်ကောင်းရင် ကောင်းသလို၊ တရားရင်တရားသလို၊ မျှတရင် မျှတသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

နိုင်ငံပေါင်းစုံ၏ ဥပဒေစနစ်များမှာ အမျိုးသမီးများအားဘေးထုတ်ထားခြင်းနှင့် ပထုတ်ထားခြင်းများ အား တွေ့မြင်နိုင်ပြီး အမျိုးသမီးများသည် ဥပဒေစနစ်၏ အပြင်ဘက်(သို့မဟုတ်) အနောက်ဘက်တွင်သာ ပုန်းလျှိုးကွယ်လျှိုးနှင့် နေထိုင်ကြရကာ ဥပဒေစနစ်၏ကောင်းကျိုးချမ်းသာနှင့် တန်းတူညီမျှမှုများအား မခံစားရကြောင်း၊ နေထိုင်ရာလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးထုများသည် နည်းအမျိုးမျိုးဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အမြဲတမ်းခွဲခြား ဆက်ဆံ ခံနေရသည် ကို တွေ့ရှိ ရကြောင်းကိုလည်း ဥပဒေအသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြသည်။

ပါကစ္စတန်၊ တူနီးရှားနှင့် ဂျော်ဒန်နိုင်ငံအစရှိသည့် ရှေးရိုးစဉ်လာ အယူသီးသောနိုင်ငံများသည်ပင် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှစ၍ ၄င်းတို့၏ မိသားစုဥပဒေများ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ဥပဒေများ အား အထင်အရှား ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း ၊နီပေါနိုင်ငံတွင် ၁၉၉၀ခုနှစ်မှစ၍ ကျားမ ခွဲခြားမှု၊ ကွဲပြားမှု များအား အကြောင်းပြုကာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းမပြုရဆိုကာ ကြေညာချက်ထုတ်ပြန် ခဲ့ကြောင်းလည်း သိရှိရသည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment