မြန်မာ့ တပ်မတော်မှ ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲများ အတွင်းပါဝင်တိုက်ပွဲဆင်နွဲခဲ့သော အရာရှိ ၊ အရာခံ ၊ အကြပ် ၊ စစ်သည် အချို့ အားအပင်ပန်း အဆင်းရဲခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင်အဆင့်တိုး(Jump Promotion) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆင့်မြှင့် ရာထူးများချီးမြှင့်ရာတွင် တိုင်းပြည်တာဝန်ထမ်းဆောင်ရာ၌ တာဝန်ကျေပွန်မှုနှင့် အနစ်နာခံ ပေးဆပ်မှုတို့အပေါ်တွင် အထက် လူကြီးများမှ နားလည်ဂုဏ်ယူစွာဖြင့် တစ်ဆင့်မြင့်ရာထူးများ ပေးအပ်ခြင်း ဖြစ်သည်ဟုသိရှိရသည်။
တပ်မတော်အက်ဥပဒေအရ ပြန်တမ်းဝင်အရာရှိများ ရာထူးတိုးမြှင့်မှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှ ဆုံးဖြတ်ပြီးအခြားအဆင့်အရာခံများကို စစ်ရေးချုပ်မှ ပေးအပ်ပိုင်ခွင့်ရှိသည်။ အကြပ်အဆင့်သို့ တိုးမြှင့်ခြင်းကိုတပ်ရင်းမှူးမှတိုင်းမှူးအဆင့်ထိ စစ်မြေပြင်တွင် တိုက်ရိုက်အဆင့် တိုးမြှင့် ပေးအပ်နိုင်သည် သိရှိရပါသည်။
No comments:
Post a Comment