Tuesday 29 January 2013

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်


မိုဘိုင်းဖုန်း နှုန်းထားများကိုအတိအကျ ပြောသော်လည်း ပြည်သူအများမျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက် အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်ဆဌမပုံမှန်အစည်းအဝေးတွင် ပြောကြားသွားသည်။

နိုင်ငံတော်လုံခြုံရေးနှင့်မဆိုင်သဖြင့် မိုဘိုင်းဖုန်း ဈေးနှုန်းများကို မည်မျှအထိလျော့ချပေးမည်ကို သိ လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက မေးမြန်းသဖြင့် ၄င်းက ယင်းကဲ့သို့ ဖြေကြားခဲ့သည်။

"ပြည်သူတွေ မျှော်လင့်ထားတဲ့ ဈေးနှုန်းအထိ လျော့ချဖို့အစီအစဉ်ရှိတဲ့အတွက် ပြည်သူတွေ အံ့သြလက်ခံ မယ်လို့ ထင်ပါတယ်"ဟု ဦးဝင်းသန်းကဆိုသည်။ မိုဘိုင်းဖုန်းများ ဈေးနှုန်း အဆမတန် လျော့ချပြီး လျှင် ကျေးလက်တွင် အရစ်ကျဝယ်ယူထားသော ပြည်သူများသွင်းထားသည့်ပိုငွေများကို ပြန်ပေးရန်စီစဉ် ထားကြောင်း ဦးဝင်းသန်းက ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများ မျှော်လင့်ထားသည့် ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်းများ ရရှိရန် ဈေးလျော့ချရေးအပြင် ဈေးနှုန်းချိုသာစွာ လုပ်ကိုင်လိုသည့် မိုဘိုင်းဖုန်းလုပ်ကိုင်ခွင့်များကို လည်းပေးအပ်သင့်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက အကြံပြုသည်။
The Voice Weekly
 

No comments:

Post a Comment