ငြိမ်းချမ်းရေးအတွက် ပူတာအိုမြို့တွင် ဆန္ဒပြ
ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ဒေသခံ တိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များကဦးဆောင်၍
ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှစတင်ပြုလုပ်နေကြောင်း သတင်းရရှိ သည်။
အင်အား ၃၂၀ ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်သူများသည် စစ်ပွဲများ
အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရရှိ လိုကြောင်း ရေးသားထားသော
ဆိုင်းဘုတ်များကိုင်ဆောင်၍ ဟိုခိုရပ်ကွက်မှမြို့မဈေးလမ်းဆုံအထိ
တစ်မိုင် ခွဲခန့် လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။
"တရားဝင်ခွင့်ပြုချက် တစ်နာရီရထားပါတယ်။ အဓိကက ကချင်ပြည်နယ်ငြိမ်းချမ်းဖို့ပါ။
တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၅ ရက်က မြစ်ကြီးနားကထွက်တဲ့ယာဉ်တန်းက အခုမှဒီရောက်တယ်။ ကုန်စည်စီးဆင်းမှု မဖြစ်တော့ ဒီမှာအရမ်းအခက်တွေ့နေပါတယ်" ဟု
ပူတာအိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတာဝန်ခံ
ဦးဖုန်ရိမင်က ပြောသည်။
7Day News Journal
No comments:
Post a Comment