Tuesday 29 January 2013

ခွေးကိုသေအောင်ရိုက်မှုဖြင့် အသက် ၁၁ နှစ်သမီး အဖမ်းခံရ

ကလေးအချို့သည် ရိုင်းစိုင်းရက်စက်သည့် စိတ်ရှိကြသဖြင့် မိမိခွေး ကို သေအောင်ရိုက်သတ်သည့် အမှုတစ်ခု နယူးယော့ခ် တော ပိုင်း တွင် ဖြစ်ပွားခဲ့သည်။ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် တိရစ္ဆာန် ရိုက်နှက်ညှင်းဆဲ သတ်ဖြတ်မှုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

မိန်းကလေးက ရဲကို ပြောကြားရာတွင် သူ့ခွေးသည် အမိန့်ကိုမနာခံ သဖြင့် လက်ဖြင့်သေအောင် ရိုက်သတ်ခြင်း ဖြစ်သည်ဟုဆိုသည်။ မိထွေးဖြစ်သူက ရဲကိုပြောကြားရာ၌ ထိုညက သူမသည် အပြင်သို့ထွက်လည်ရန် တောင်းဆိုကြောင်း၊ သူမကခွင့်မပြုခဲ့ကြောင်း၊ ထိုကိစ္စကို မကျေနပ်သဖြင့် ခွေးကိုအသေရိုက်သတ်ကာ အိမ်ပြန်ခေါ်လာကြောင်း၊ ခွေးလေးကိုအိမ်တွင်း ကြမ်းပြင်ပေါ် တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ရကြောင်း ပြောကြားခဲ့သည်။
ရဲက မိန်းကလေးကိုတိရစ္ဆာန်များ ညှင်းဆဲမှုဖြင့်အရေးယူမည်ဖြစ်ရာဒဏ်ငွေအဖြစ် ဒေါ်လာ ၁၅၀၀ ခန့်ပေး ဆောင်ရဖွယ်ရှိသည်ဟုဆိုသည်။ မိန်းကလေးသည် ငယ်ရွယ်သူဖြစ်သဖြင့် ကလေးသူငယ် အထူး တရားစီရင်မှု ဖြင့် အထူးခုံရုံးဖွဲ့ကာ စစ်ဆေးသွားမည်ဖြစ်သည်။ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးသွားမည် ဖြစ်သဖြင့် ကလေးငယ်အတွက်လည်းအကူအညီများပေးနိုင်ရန် ကြိုးပမ်း ရမည်ဖြစ်ကြောင်း၊ နောက်ထပ် ဤသို့ သောအမှုများ မကျူးလွန်မိစေရန်ရည်ရွယ်ကြောင်း၊ ယခုပြစ်မှုနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ခရိုင်ရှေ့နေကပြောကြားခဲ့သည်။
မောက္ခမဂ္ဂဇင်း

No comments:

Post a Comment