ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ် လျက်ရှိသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂
ရက်စွဲဖြင့် သ၀ဏ် လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်မရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို
အဆိုပါကိစ္စရပ် အား ပြည်ေ ထာင်စုလွှတ်တော်ကျင်းပမည့်ရက်တွင်
ဆွေးနွေးနိုင်ရန် အတွက် မိမိတို့ အား ပေးဝေ ထား ပြီဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ် သူ ဒေါ်နန်းနုဝါက ဆိုသည်။
"သူ့ကို ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာမသင့်တော်ဘူးထင်ပါတယ်။ သူဟာတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌလုပ်ရတာကို ပိုပြီး မွေ့လျော်ပုံပေါ်ပါတယ်။
အရမ်းလည်း ကြိုးစားပါတယ်။ တကယ်တော် တဲ့သူမို့ လို့များ
ပြောင်းလိုက်တာလားမသိဘူး" ဟု ဒေါ်နန်းနုဝါက ၎င်း၏အမြင်ကို ပြောသည်။
ဦးဆန်းဆင့်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းသည်
တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတစ်ဦး အား ပြည်ေ ထာင် စုဝန်ကြီးအဖြစ်
ပထမဆုံးခန့်အပ်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
oppositeyes.info
No comments:
Post a Comment