Tuesday 29 January 2013

KNPP အပစ်အခတ်ရပ်စဲပြီးနောက် လွှတ်တော်တွင် အဆိုတင်သွင်းခြင်း မေးမြန်းခြင်း ပိုမိုအဆင်ပြေလာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ် ထားသည့်အတော်အတွင်းပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်နယ်၏ဒေသဖွံ့ဖြိုးတိုးတက်ရေး အဆိုတင် သွင်းတာတွေ မေးခွန်းမေး တာတွေ ဆောင်ရွက်တဲ့အခါ ယခင်ကထက် ပိုမို အဆင်ပြေ လာ တယ်လို့ မဲဆန္ဒနယ်အမှတ်(၃) ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။


“ပြောရမယ်ဆိုရင် ကျနော်တို့ဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ပေါ့ ဒီကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးလာတဲ့အချိန်ဆိုတော့ အဆင်ပြေသွားတာပေါ့ ကျနော်တို့အများကြီးကျေးဇူး တင်ရတော့ အများကြီးအထောက်အကူဖြစ်သွားတယ် ချက်ချင်းပဲအကောင်အထည် ဖော်ပေးတဲ့ သဘောပေါ့ ဒါတွေကို တိုင်းတာနေပြီ အဆိုအနေနဲ့ ပေါ့ ကျနော်တို့ အောင်မြင်မှု တခုရတာပေါ့ အဓိက ဒီကယားပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဓိကဒီအဆိုတခုတော့ အောင်သွားပြီဖြစ်တယ်။ နယ်စပ်ကုန် သွယ်ရေးစခန်းပေါ့ ဆောင်ရွက်နေပြီ ချက်ချင်းဖွင့်ဖို့တော့ မဖြစ်နိုင်သေးဘူး နှစ်ဖက်နှစ်နှစ်ငံက ညှိနှိုင်းရ အုံးမယ်။ ” လို့ ပြောပါတယ်။

ပထမအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့သည့် သံလွင်တံတား တည်ဆောက်နိုင်ခြင်းနှင့် နှင့်ပတ်သက်ပြီး KNPP မှ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု မပြု လုပ်သေးသည့်အချိန်တွင် ဝန်ကြီးဌာနတွေက ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ကြောင်းနှင့် KNPP မှ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် လွှတ်တော်မှာသံလွင်တံတားတည်ဆောက်ဖို့ကိစ္စနှင့် နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကိစ္စတွေမှာ ပြန်လည်ဖြေဆိုလာခဲ့ကြောင်း ထပ်မံမေးမြန် သည့်အချိသာလျှင် အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောပါတယ်။

ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေးဌာန ၊ ပညာရေးဌာနအတွက်နှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာလည်း ယခင်ကထက် အဆင်ပြေ လာတယ် သိရပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က “ဒီလိုအပစ်အခတ်ရပ်စဲတယ်ဆိုတော့ အခုက အရင်ကထက်စာရင်တော့ ကျနော်တို့က လုပ်ရကိုင်ရတာသွားရလာရတာ အားလုံးကချောမွေ့ လာပြီ နောက် ဒေသလည်း အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာတယ်
သူတို့အနေနဲ့ဒီလိုထပ်ပြီး ပြည်ထောင်စုနဲ့ဆွေးနွေးပြီးကျနော်တို့ ဒေသဖွံ့ဖြိုးရေးထပ်လိုတဲ့ဟာ ဥပမာ လျှပ်စစ်မီးပြည်သူတွေလိုလားတဲ့ဟာပေါ့ အဲဒါတွေလည်း ကျနော်တို့လည်းတင်ထားတယ် KNPP အနေနဲ့ လည်းတင်ပြတယ် ဆွေးနွေးတယ်ဆိုတော့ပိုထိရောက်တယ် အကုန်လုံးကျနော်တို့ဘက်လည်း ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ကျနော်တို့ဆောင်ရွက်မယ်” လို့ ပြောပါတယ်။

ယခု နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာတော့ ကယားပြည်နယ် အတွက် အဆိုတင်သွင်းခြင်း မေးမြန်းခြင်း အစီအစဉ် တိတိကျကျ မပြောနိုင်သေးကြောင်း ပြောပါတယ်။

ကန္တရ၀တီ

No comments:

Post a Comment