Friday 14 September 2012

ဗင်နက်ဆာ ပရာဒစ်၏ စံအိမ်ကြီးကို ဂျွန်နီဒိပ် ဝယ်ယူ

၎င်းနှင့် ချစ်သူများအဖြစ်မှ ပြတ်စဲခဲ့သော ဗင်နက်ဆာ ပရာဒစ်၏ စံအိမ်ကြီးကို ဟောလီးဝုဒ်မင်းသား ဂျွန်နီဒိပ်က ဝယ်ယူလိုက်ကြောင်း သိရှိရသည်။ Pirates of Caribbeanစတား ဇာတ်ဆောင် မင်းသားနှင့် ပြင်သစ် မင်းသမီးတို့သည် ဇွန်လအတွင်းက မိမိတို့၏ (၁၄)နှစ်ကြာ အချစ်ရေး အဆုံးသတ်ပြီ ဟု ကြေညာခဲ့သည်။




 


ယခုအခါ လော့စ်အန်ဂျလိစ်တွင် ဗင်နက်ဆာနှင့် အတူတကွ နေထိုင်ခဲ့ဖူးသော စံအိမ်ကို ဂျွန်နီက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်တွင် ဂျွန်နီနှင့် ဗင်နက်ဆာတို့၏ ကလေးနှစ်ဦးဖြစ်သော လီလီရို့စ်နှင့် ဂျက်တို့လည်း နေထိုင်ကာ ထိုအိမ်မှပင် ကျောင်းတက်ခဲ့သည်။ မြေထဲပင်လယ် ဒေသမှ နေအိမ်များ၏ ဒီဇိုင်းကို အခြေခံထားသည့် စံအိမ်အတွက် ဂျွန်နီ ဒေါ်လာ (၄.၄)သန်း ပေးချေခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။



အိပ်ခန်း (၅)ခန်းပါပြီး အိမ်ပြင်ဘက် ရေကူးကန်ပါ ထည့်သွင်းတည်ဆောက်ထားသည့် အိမ်ကြီးကို ဂျွန်နီက ဝယ်ယူခဲ့ကြောင်း ယင်းအရောင်းအဝယ်တွင် မပါရှိသော်လည်း အတွင်းကျကျ သိရှိထားသည့် အိမ်ခြံမြေအေးဂျင့် ခရစ္စတိုဖာ ဝက်စ်လေက ပြောကြားခဲ့သည်။ အသက်(၄၉)နှစ်ရှိ ဂျွန်နီနှင့် ၎င်းထက် (၁၀)နှစ်ငယ်သော ဗင်နက်ဆာတို့သည် (၁၉၉၈)ခုနှစ်က ပထမဆုံး တွဲလာခဲ့ကြသည်။ ထိုစဉ်က ဂျွန်နီ ပြင်သစ်တွင် The Ninth Gate ဇာတ်ကားကို ရိုက်ကူးရင်း ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ခြင်း   ဖြစ်ကြောင်းလည်း သိရှိရသည်။ 



ref:planet

No comments:

Post a Comment